ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်တဲ့ Weir နဲ့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ Bella တို့အတွဲလေးက (၁၀) နှစ်ပါးတွဲခဲ့ပြီး လမ်းခွဲခြင်းနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။ Bella လေးကတော့ လက်ရှိအချိန်ထိ Single ဂုဏ်ပုဒ်ကိုထိန်းထားပြီး Weir ကတော့ အနုပညာရှင်လောကထဲက မဟုတ်တဲ့ ထိုင်းနိုင်ရဲ့ တော်ဝင်အမျိုးသမီးတစ်ယောက်နဲ့ ဇူလိုင်လ (၁၇) ရက်မှည လက်ထပ်သွားခဲ့တာပါ။

Photo Credit : Bella Campen Myanmar Fan Club
Photo Credit : Bella Campen Myanmar Fan Club
Photo Credit :Original Uploader 

Bella လေးနဲ့ ကွဲသွားပြီး လပိုင်းလောက်ပဲရှိသေးတောင် နောက်ကောင်မလေးနဲ့လက်ထပ်သွားတာကြောင့် ပရိသတ်တွေကြားမှာလဲ Weir ကိုမုန်းနေကျသလို Bella လေးကိုလည်း သနားဂရုဏာဖြစ်နေကြတာပါ။ ထွက်ပေါ်လာတဲ့ အတွင်းသတင်းတွေအရ Weir လက်ထပ်ပွဲကျင်းပတဲ့ ဇူလိုင်လ တစ်လျှောက်လုံးမှာ Bella ကို ပွဲတက်ဖို့ သိန်းတွေချီပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် ရည်းစားဟောင်းနဲ့ ပတ်သက်တဲ့အင်တာဗျုးတွေကို မဖြေချင်ခဲ့တာကြောင့် ငြင်းခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Bella Campen Myanmar Fan Club
Photo Credit : Bella Campen Myanmar Fan Club

ဒါပေမယ့် ဇူလိုင်လ (25) ရက်နေ့ကကျင်းပတဲ့ သူမကိုယ်တိုင်မင်းသမီးနေရာကနေ ပါဝင်ထားတဲ့ “ချစ်ဖူးစာ” ရုပ်ရှင်ဇာတ်လမ်းတွဲသစ်ရဲ့ မိတ်ဆက်ပွဲ ကျင်းပတဲ့နေ့ အခမ်းအနားကိုတော့ Bella တစ်ယောက် တက်ရောက်လာခဲ့ပါတယ်။ အဆိုပါပွဲမှာ သတင်းထောက်တွေက ရည်းစားဟောင်းလက်ထပ်သွားတဲ့အပေါ် သူမအနေနဲ့ ဘယ်လိုတွေခံစားချက်တွေရှိခဲ့လဲဆိုတာကို မေးမြန်းခဲ့ကြပါတယ်။

Photo Credit : Bella Campen Myanmar Fan Club
Photo Credit : Bella Campen Myanmar Fan Club

Bella တစ်ယောက်ကတော့ မေးခွန်းတွေအပေါ်မှာ ဘယ်သူ့ကိုမှ ထိခိုက်မှုမရှိဘဲ အဆင့်တန်းရှိရှိနဲ့ ပညာသားပါပါ ပြန်လည်ဖြေဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့ဖြေဆိုမှုတွေကို သတင်းတင်ဆက်သူတွေနဲ့ ပရိသတ်တွေကပါ ချီးကျူးခဲ့ကြပါသေးတယ်။ ပရိသတ်တွေအတွက် ရုပ်ရော စိတ်ထားလေးရော ပြောစရာမလိုအောင် လှပလွန်းတဲ့ Bella လေးရဲ့ အင်တာဗျုး Video လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် …

Video Credit : Bella Campen Myanmar Fan Club

သတင်းအရင်းမြစ်: Bella Campen Myanmar Fan Club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။