TWICE အဖွဲ့ဝင် Jihyo နဲ့ BTS အဖွဲ့ဝင် jungkook တို့ကြားက တူညီချက်လေးတွေက ပရိသတ်တွေကိုများစွာသဘောကျမှု ဖြစ်စေခဲ့ပါတယ်။

လူတူမရှား နာမည်တူမရှားဆိုသလို သူတို့နှစ်ဦးက နာမည်ချင်းမတူကြပေမယ့်လည်း ကြိုက်နှစ်သတ်တဲ့ အလေ့အကျင့်လေးတွေ တူညီ နေခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးကြားက ထင်ရှားတဲ့ တူညီချက်လေးကအစားအသောက်စားပုံချင်း တူညီကြတာဖြစ်တယ်လို့ ပရိသတ်တွေက ရှာတွေ့ခဲ့ကြပါတယ်။

နှစ်ဦးစလုံးက ကေပေါ့လောကမှာ အောင်မြင်နေကြတဲ့ သူတွေ ဖြစ်တာကြောင့် သူတို့ရဲ့ တူညီနေတဲ့ အချက်တွေကခဏလေးဆိုသလိုပဲ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။
Jihyo နဲ့ Jungkook က အစားအသောက်စားနေတဲ့အချိန်မှာ မျက်မှောင်လေးကြုတ်ပြီး စားတက်ကြပါတယ်။
jungkook and jihyo making angry face when the food tastes good #TWICE #BTS pic.twitter.com/6OPmnz6Sm7
— ؘ (@bangtwiceplace) July 27, 2022
ဟင်းပွဲတစ်ခု အရသာကောင်းနေရင်လည်း နှစ်ဦးစလုံးက မျက်ခုံးပင့်တင်လေ့ရှိပါတယ်။ နှစ်ဦးစလုံးရဲ့ အစားစားပုံက တူညီလွန်းနေတာကြောင့် ပရိသတ်တွေက Jihyo နဲ့ Jungkook ကို အခန်းတစ်ခန်းထဲထည့်ပြီး အစားအတူတူစားကြဖို့တောင် တွေးခဲ့ကြတယ်လို့ သိရပါတယ်။
if her and jungkook had dinner together it would just be a mean mugging face off https://t.co/cJpw9dMAvD
— isa ? (@outrostayc) July 26, 2022
BTS အဖွဲ့နဲ့ TWICE တို့က တစ်ယောက်အဖွဲ့ကို တစ်ယောက်လေးစားကြတဲ့ ဖော်ရွေပျူငှါတဲ့ အဖွဲ့၂ ဖွဲ့ ဖြစ်ပါတယ်။၂၀၁၈ ခုနှစ်မှာ TWICE အဖွဲ့ ခေါင်းဆောင် Jihyo ဟာ ယူအက်စ်မှာ ARMY တွေရဲ့ နှလုံးသားကို ရရှိခဲ့ဖူးပါတယ်။ဒါကြောင့် သူမက နိုင်ငံတကာမှာ လူသိများခဲ့အောင် ကူညီတံခါးဖွင့်ပေးခဲ့တဲ့ BTS ကို ကျေးဇူးတင်ကြောင်းအင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

အခုတစ်ခေါက်မှာလည်း သူမဆီမှာ BTS အဖွဲ့ဝင် Jungkook နဲ့ တူညီတဲ့ အကျင့်စရိုက်တွေ ရှိနေတာကြောင့်ပရိသတ်တွေကတော့ အကျင့်စရိုက်တူ အနုပညာ မောင်နှမတွေဆိုပြီး ချစ်နေကြပါတယ် ။

ချစ်ဖို့ကောင်းတဲ့ တူညီမှုလေးတွေ ရှိနေကြတဲ့ BTS အဖွဲ့ဝင် Jungkook နဲ့ Jihyo တို့အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။