တောင်ကိုရီးယားမင်းသမီး Song Hye Kyo ဟာဆိုရင် ဆယ်ကျော်သတ်အရွယ်ကတည်းက ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက် ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ Song Hye Kyo ဟာ ချစ်စံအိမ် ၊ ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ၊ Descendants of The Sun နဲ့ အခြား ဇာတ်လမ်းတွဲတွေ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ သူဖြစ်ပါတယ်။ ဇာတ်ကားတိုင်းမှာလိုလို အောင်မြင်မှုတွေ တပွေ့တပိုက်ကြီး ရရှိခဲ့တဲ့ Song Hye Kyo ဟာ မကြာသေးမီကလည်း Now, We Are Breaking Up ဇာတ်လမ်းနဲ့ Encounter ဇာတ်လမ်းမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း Song Hye Kyo ရဲ့ တွဲဖက်သရုပ်ဆောင် ရွေးချယ်မှုက ပရိသတ်တွေကို စိတ်အဆင်မပြေ ဖြစ်စေခဲ့ပါတယ်။

Google
Google
Google

အခုနောက်ပိုင်း ဇာတ်လမ်းတွဲတွေမှာ Song Hye Kyo က သူမရဲ့ အသက် အရွယ်နဲ့ မလိုက်ဖက်တဲ့ ငယ်ရွယ်လွန်းတဲ့ အမျိုးသားဇာတ်ကောင်တွေနဲ့ တွဲရိုက်လာတာကို တွေ့လာရပါတယ်။ မကြာခင် ထွက်ရှိလာတော့မယ် “The Glory” ဇာတ်လမ်းမှာလည်း Song Hye Kyo က သူမထက် အသက် ၁၀ နှစ်ကျော်ငယ်တဲ့ မင်းသား Lee Do Hyun နဲ့ တွဲဖက်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းတွဲပုံစံကလည်း မနဲ့မောင် ပုံစံဖြစ်တာကြောင့် အသက်ငယ်တဲ့သူနဲ့ ထပ်ပြီး သရုပ်ဆောင်ဖို့ ရွေးချယ်ရလားဆိုပြီး Song Hye Kyo ကို ဝေဖန်တဲ့မှတ်ချက်တွေ ပေးထားကြပါတယ်။

Google

Song Hye Kyo ကို Netizen တွေ ဝေဖန်ထားကြတဲ့ မှတ်ချက်အချို့ကို အောက်မှာ ဘာသာပြန်ဖော်ပြပေးထားပါတယ်။

“Song Hye Kyo က ငယ်တဲ့ကောင်လေးတွေနဲ့ ဆက်ပြီး ဇာတ်လမ်းတွဲရိုက်နေမယ်ဆိုရင် ဘယ်တော့မှ ဝေဖန်မှုတွေကနေ လွတ်မြောက်မှာ မဟုတ်ဘူး။”

“သူက Song Joong Ki (ခင်ပွန်းဟောင်း) နောက်တစ်ယောက်ကို ရှာဖို့ကြိုးစားနေတာလား?”

“Song Hye Kyo က အတူတွဲသရုပ်ဆောင်တဲ့သူတွေနဲ့ ချိန်းတွေ့တယ်ဆိုတဲ့ သတင်းတွေထွက်တာက trend လား ..Song Hye Kyo က ဘယ်တော့မှ ဇာတ်ကောင်အသစ်ပုံစံ ပြောင်းမရိုက်ဘူး .. ရိုက်လိုက်ရင် ဒါကြီးပဲ .. တွဲရိုက်တဲ့ ကောင်လေးတွေသာ ပြောင်းသွားတာ .. သူက ဇာတ်ကောင်တစ်မျိုးတည်းပုံစံကနေ တက်မလာဘူး။

"အနုပညာလောကထဲရောက်လာတာ နှစ်ပေါင်း မနည်းတော့ဘူး .. သရုပ်ဆောင် အရည်အချင်း နည်းနည်းလေး တတ်လာတာပဲ မြင်ဖူးတယ် ..”

Google

Song Hye Kyo က ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို နားထောင်လေ့ရှိတဲ့ သူမဟုတ်ပါဘူး။ သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာတင်ထားတဲ့ အကြောင်းအရာတွေ အောက်မှာလည်း မှတ်ချက်အဝင်တွေကို ပိတ်ထားလေ့ရှိပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ဂရုမစိုက်တတ်တဲ့ Song Hye Kyo တစ်ယောက် ဒီအတိုင်းသား ဆက်ပြီး သူ့ရဲ့စိတ်အတိုင်း ဆောင်ရွက်နေမယ်ဆိုရင် အောင်မြင်မှုတွေ ဆက်ပြီး ထိန်းထားနိုင်မှာ မဟုတ်ဘူးလို့ တချို့ပရိသတ်တွေက ခန့်မှန်းထားကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။