တောင်ကိုရီးယား မင်းသား Kang Ki Young ဟာ လတ်တလောမှာ စိတ်ဝင်စားဖို့အကောင်းဆုံး မင်းသားတွေထဲက တစ်ယောက်အဖြစ် ရပ်တည်လျက်ရှိတဲ့ သူဖြစ်ပါတယ်။ သူပါဝင်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲ Extraordinary attorney woo ဇာတ်လမ်းတွဲက လတ်တလောမှာ နာမည်ကြီးနေပြီး ပရိသတ်တွေရဲ့ အာရုံကိုဆွဲဆောင်နိုင်လျက်ရှိပါတယ်။ Kang Ki Young က နှစ်ပေါင်းများစွာ အနုပညာလောကမှာ ကျင်လည်ခဲ့ပေမယ့်လည်း သူ့ကို ပရိသတ်တွေ သိပ်ပြီး မသိခဲ့ကြပါဘူး။

Google

Kang Ki Young က ရုပ်ရှင်ဇာတ်လမ်းတွဲတွေ များစွာမှာ ပါဝင်ဖူးပေမယ့် နာမည်ကြီးပြီး လူသိမလာတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း Kang Ki Young က အပေါင်းအသင်း မိတ်ဆွေ ပေါများပြီး နာမည်ကြီးတွေနဲ့လည်း တော်တော်လေး ရင်းနှီးတဲ့သူဖြစ်ပါတယ်။

Kang Ki Young က သူချစ်ရတဲ့ကောင်မလေးနဲ့ ၃ နှစ်တာ တွဲပြီးနဲ့နောက်၂၀၁၉ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူရဲ့ လက်ထပ်ပွဲကို ၂၀၁၉ ခုနှစ် မေလ ၂၅ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာဆောင်ခဲ့ချိန်က Kang Ki Young က နာမည်ကြီးတဲ့ သူတစ်ယောက် မဟုတ်သေးပါဘူး။ ဒါပေမယ့် လည်း နာမည်ကြီး အနုပညာရှင်ပေါင်းများစွာ Kang Ki Young ရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့ပါတယ်။ Kang Ki Young ရဲ့ မင်္ဂလာပွဲက အရမ်းကို နာမည်ကြီးတဲ့ ဧည့်သည်တွေကြောင့် ရှာဖွေမှု အများဆုံး ဖြစ်လာခဲ့ပါတယ်။ Kang Ki Young က သူ့ရဲ့ မင်္ဂလာပွဲကို Gyeonggi စီရင်စုမှာပဲ သီးသီးသန့်သန့် ကျင်းပခဲ့တာဖြစ်ပါတယ်။

Google
Google
Google
Google

Kang Ki Young ရဲ့ မင်္ဂလာပွဲက ကြာခဲ့ပြီဆိုပေမယ့် အခုမှပြန်လည်ပြီး မင်္ဂလာပွဲ ပုံရိပ်တွေက ပြန့်နှံ့နေတာဖြစ်ပါတယ်။

Google
Google
Google

ပုံရိပ်တွေနဲ့ အတူ မင်္ဂလာပွဲ တက်ရောက်ခဲ့တဲ့ လူစာရင်းဟာလည်း လူစိတ်ဝင်စားမှု ဖြစ်တက်နေပါတယ်။ မင်္ဂလာပွဲကိုနာမည်ကြီး ထိပ်တန်းတွေဖြစ်တဲ့ Yoona ၊ Park Seo Joon ၊ Kim So Hyun ၊ Jung So Min ၊ Yoo Jae Suk နဲ့ Minah တို့နဲ့ B-list ကြယ်ပွင့်တွေ အများစု တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားမင်းသား Kang Ki Young ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ မင်္ဂလာပွဲ ပုံရိပ်လေးတွေကို ကြည်နူးစရာလေး ပြန်လည် ဖော်ပြပေးလိုက်ပါတယ်နော်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။