တောင်ကိုရီးယား ဖက်ရှင် ဒီဇိုင်နာကြီး Vera Wang ဟာဆိုရင် အသက် ၇၀ ကျော်နေပေမယ့် မအိုသေးတဲ့ မျက်နှာကြောင့် ပရိသတ်တွေရဲ့ အံ့အားသင့်မှုကို ခံထားရတဲ့ သူဖြစ်ပါတယ်။ Vera Wang က စိတ်ပျိုလို ကိုယ်နုသလား အောင့်မေ့ရအောင် ဆယ်ကျော်သတ်လေးတစ်ယောက်လိုမျိုး ခပ်မိုက်မိုက် ဒီဇိုင်းလေးတွေ ဝတ်လေ့ဝတ်ထရှိတဲ့သူဖြစ်ပါတယ်။

Google

ဓာတ်ပုံထဲမှာဆိုရင် Vera Wang က ပေါ့ပါးတဲ့ စတော့ကင်ဘောင်းဘီ အနက်ရောင်လေးကို ဝတ်ဆင်ထားတာဖြစ်ပါတယ်။ လူငယ်လေးတွေတောင် ဝတ်ဖို့ တုံ့ဆိုင်းနေတဲ့ ဖက်ရှင်မျိုးကို ရဲရဲတင်းတင်း ဝတ်ရဲတဲ့ ဖွားဖွား Vera Wang ကတော့ တကယ်ကို အံ့သြဖို့ကောင်းလှပါတယ်နော် ။

Google

ဖွားဖွား Vera Wang က ၁၉၈၉ ခုနှစ် မှာ ပထမဦးဆုံး မင်္ဂလာဝတ်စုံကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဖွားဖွား Vera Wang ရဲ့ ပထမဦးဆုံး မင်္ဂလာဝတ်စုံကလည်း သူ့အကြောင်းနဲ့ သူရှိပါတယ်။ Vera Wang က သူမရဲ့ လက်ထပ်ပွဲမှာ ဝတ်ဆင်ဖို့ မင်္ဂလာဝတ်စုံ လိုက်ရှာတဲ့အခါမှာ လိုက်ဖက်တဲ့ မင်္ဂလာဝတ်စုံကို ရှာမတွေ့ခဲ့ပါဘူး။ ဒါကြောင့် သူမက ကိုယ်တိုင်ဖန်တီးပြီး မင်္ဂလာဝတ်စုံတစ်ထည်ချုပ်ခဲ့ပါတယ်။ ကိုယ်တိုင် ဝတ်ဆင်ဖို့ ချုပ်ခဲ့တဲ့ မင်္ဂလာဝတ်စုံက Vera Wang ရဲ့ ပထမဦးဆုံး မင်္ဂလာဂါဝန်လေး ဖြစ်ခဲ့ပါတယ်။ Vera Wang က သူမအမျိုးသားနဲ့ ၂၀၁၂ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။

Google
Google

အဲဒီအချိန်က စပြီး Vera Wang က မင်္ဂလာပွဲအတွက် စိတ်ပူနေတဲ့ သတို့သမီးတွေအတွက် မင်္ဂလာဝတ်စုံလေးတွေ ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာ Vera Wang က နယူးယောက်မြို့ ၊ Manhattan မှာရှိတဲ့ Kyle ဟိုတယ်မှာ မင်္ဂလာဝတ်စုံဆိုင်လေး ဖွင့်လှစ်ခဲ့ပါတယ်။

Vera Wang ရဲ့ မင်္ဂလာဝတ်စုံလေးတွေက ကျက်သရေရှိပြီး သဘာဝဆန်မှုကို ဦးစားပေးထားတဲ့ ဝတ်စုံလေးတွေဖြစ်ပါတယ်။ တန်ဖိုးမြင့် ဇိမ်ခံပစ္စည်းများကိုသာအသုံးပြုထားပြီး အဆင့်အတန်းတစ်ခု ရှိတာကြောင့် Vera Wang ရဲ့ မင်္ဂလာဝတ်စုံတွေက နာမည်ကြီးပါတယ်။

Google
Google

Vera Wang ဟာ ပထမဦးဆုံး မင်္ဂလာဝတ်စုံဆိုင်ဖွင့်လှစ်ပြီး နှစ်ပေါင်း ၂၀ အကြာမှာ လူအများလေးစား အားကျရတဲ့ ဖက်ရှင်ကုမ္ပဏီကြီး တစ်ခုကို တည်ထောင်နိုင်ခဲ့ပါတယ်။ အသက် ၄၀ အရွယ်မှာ သူမနာမည်နဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်တစ်ခုကို တည်ထောင်နိုင်တဲ့ Vera Wang ရဲ့ ကြွယ်ဝချမ်းသာမှုဟာ အမေရိကန်ဒေါ်လာ သန်း ၄၆၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။

Google

သန်းကြွယ် သူဌေးမကြီး Vera Wang ဟာ မကြာသေးမီကလည်း တောင်ကိုရီးယား နာမည်ကျော် မင်းသမီး Son Ye Jin တို့ မင်္ဂလာပွဲအတွက် အဆင့်အတန်းမြင့်ပြီး လှပတဲ့ ဝတ်စုံတွေ ဖန်တီးပေးဖြစ်ခဲ့ပါသေးတယ်။ အသက် ၇၀ ကျော်သည့်တိုင် ငယ်ရွယ်နုပျိုမှုကို ဆက်လက်ထိန်းထားနိုင်ပြီး အောင်မြင်မှုတွေ ကြွယ်ဝချမ်းသာမှုတွေ ရရှိနေဆဲ ဖြစ်တဲ့ တောင်ကိုရီးယား မင်းသမီးကြီး Vera Wang အကြောင်းကို စိတ်ဝင်စားဖွယ်လေး ဖော်ပြပေးလိုက်ပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။