အသက်ပြည့်တဲ့ လူတစ်ယောက်အတွက် အလုပ်တစ်လုပ်ရရှိဖို့ကလည်း မျှော်လင့်ချက်တစ်ခုပါပဲနော်။ အသက်ပြည့်နေပါလျက် အလုပ် ရှာမရဘူးဆိုရင် သူငယ်ချင်းမိတ်ဆွေတွေက ရုပ်ဆိုးလို့ အလုပ်မရဘူးဆိုပြီး တစ်ခါတစ်ရံ စနောက်လေ့ရှိကြပါတယ်။ ဒါက လူတိုင်း ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံမှာရှိတဲ့ အမျိုးသားတစ်ယောက်ဟာ အသက် ၂၇ နှစ်အရွယ်ရှိနေပြီ ဖြစ်ပေမယ့် ကလေးလိုမျိုး ဖြစ်နေတဲ့ ပုံသဏ္ဍာန်ကြောင့် အလုပ်ရှာမရခဲ့ဘူးလို့ သိရပါတယ်။  သူက အသက် ၂၇ နှစ်အရွယ်ရှိနေပြီ ဖြစ်ပေမယ့်အသက် ၇ နှစ်ပုံစံမျိုး ငယ်ရွယ် နေတဲ့ ပုံရိပ်ကြောင့် အလုပ်ရှင်တွေရဲ့ အလုပ် ခန့်ခြင်း မခံခဲ့ရပါဘူး။ 

Photo credit to original uploader 

ဒီအမျိုးသားရဲ့ နာမည်က မုချန်းဖြစ်ပါတယ်။ မုချန်းက အလုပ်လျှောက်နေခဲ့တာ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ အလုပ်ရှင်တိုင်းကလည်း မုချန်းကို အင်တာဗျူးရင် အသက် ၂၇ နှစ်ဆိုတာ မယုံဘဲ အသက်လိမ်ထားတယ်လို့ဆိုကာ ငြင်းဆန်ခဲ့ကြတယ်လို့ သိရပါတယ်။ မုချန်းရဲ့ အဖေက လေဖြတ်ထားတာ သိပ်ပြီး မကြာသေးပါဘူး။ မုချန်းရဲ့ အမေကတော့ နောက်အိမ်ထောင်ပြုထားပါတယ်။ အရင်ကဆို မိဘတွေရဲ့ မုန့်ဖိုးနဲ့ အလုပ်မလုပ်ဘဲအဆင်ပြေပေမယ့် အခုအချိန်မှာတော့ လေဖြတ်ထားတဲ့ ဖခင်ကြီးကြောင့် အလုပ်လုပ်ဖို့ လိုအပ်နေတာဖြစ်တယ်လို့မုချန်းကဆိုပါတယ်။ သားသမီးကလည်း မုချန်း တစ်ယောက်ပဲ ရှိတာကြောင့် သေချာပေါက် အလုပ်တစ်ခု ရရမယ့်မုချန်း ဟာ ငယ်လွန်းနေတဲ့ ရုပ်ရည်ကြောင့် အလုပ်ရဖို့ ခက်ခဲလွန်းနေပါတယ်။ 

Photo credit to original uploader 

မုချန်း က ထမင်းတစ်နပ်အတွက်တောင် အရမ်းခက်ခဲလွန်းနေပြီး ဝမ်းကွဲတွေရဲ့ နည်းပါလှတဲ့ အထောက်အပံ့လေးတွေနဲ့သာ အသက်ဆက်ရှင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။ 

မငတ်ရုံတမယ်လောကဓံရဲ့ ရိုက်ခက်မှုကို အပြင်းအထန် ခံစားနေရတဲ့ မုချန်း ဟာ သူ့ဘဝရဲ့ အခက်အခဲတွေကိုတရုတ်ပြည်ရဲ့ TikTok ဖြစ်တဲ့ Douyin မှာ ဗီဒီယိုလေးရိုက်ပြီး ရင်ဖွင့်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာလည်း သူ့ရဲ့ မူရင်းအသက်ကို အိုင်ဒီကတ်လေးနဲ့ ၁၉၉၅ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူ မှန်ကန်ကြောင်း အတည်ပြုခဲ့ပါတယ်။ 

ဗီဒီယိုတင်ပြီးပြီးချင်းမှာပဲ မုချန်း အကြောင်းကို စိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး ကူညီပေးမယ့်သူတွေ အများကြီးပေါ်ပေါက်လာခဲ့ပါတယ်။ လက်ရှိမှာဆိုရင် မုချန်း ကို အလုပ်ခန့်မယ်သူ ပေါ်လာပြီး အလုပ်အကိုင် အတည်အကျလေးနဲ့ ဖြစ်သွားပြီလို့ သိရပါတယ်။ 

Photo credit to original uploader 

တရုတ်ပြည်က သတင်းဝက်ဆိုဒ်တွေက မုချန်း အကြောင်းကို အပြိုင်အဆိုင်ရေးတင်ကြပေမယ့် မုချန်း တစ်ယောက် ဘာရောဂါကြောင့် အခုလို အသက်ငယ်နေတဲ့ ပုံစံပေါက်နေတာလဲဆိုတာကိုတော့ မပြောထားပါဘူး။

Photo credit to original uploader 

အသက် ၂၇ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် အသက် ၇ နှစ်အရွယ်ကလေး လေး တစ်ယောက်လိုမျိုး မအိုလာတဲ့တရုတ်နိုင်ငံက အမျိုးသား တစ်ယောက်အကြောင်းကို စိတ်ဝင်စားဖွယ်လေး ဖော်ပြပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။