ဒါရိုက်တာကြီး Yeon Sang-ho က အင်တာဗျူး တစ်ခုမှာ မင်းသား Kang Dong-won က Gong Yoo ရဲ့ အကြံပေးချက်ကြောင့် Peninsula မှာပါဝင်ဖို့အတွက် ဆုံးဖြတ်ခဲ့ရတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါရိုက်တာကြီး Yeon Sang-ho က Peninsula အတွက် ဇာတ်ညွှန်းရရခြင်းမှာ Train to Busan ဇာတ်လမ်းရဲ့ မင်းသား Gong Yoo ကို သွားပြဖြစ်တယ်လို့ဆိုပါတယ်။

Google
Google
Google

Gong Yoo ကလည်း ဇာတ်ညွှန်းကို ဖတ်ပြီးပြီးချင်းမှာ Dong-won ကို ရိုက်စေချင်ကြောင်း ဇာတ်ကောင်ပိုင်းက Dong-won နဲ့ဆိုအရမ်းလိုက်ဖက်မှာဖြစ်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။ နှစ်ဦးကသားက တစ်ယောက်အကြောင်း တစ်ယောက်သိနေကြတာဖြစ်လို့ စုံစမ်းကြည့်လိုက်တဲ့ အခါမှာ သူတို့ နှစ်ဦးက ဆွေးမျိုးတော်စပ်နေတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Google

Gong Yoo နဲ့ Kang Dong-won တို့ရဲ့ အဘိုးတွေက သူတို့ မမွေးခင်ကတည်းက ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာပါ။ အဘိုးနှစ်ယောက်က  Gong Yoo နဲ့ Kang Dong-won တို့ မိဘတွေရဲ့ အစ်ကိုတွေနဲ့အစ်မတွေကို မိတ်ဆက်ပေးခဲ့ကြတာကြောင့် အချင်းချင်း တကယ်လည်း လက်ထပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် ဆွေမျိုးစပ်ကြည့်ရရင် Gong Yoo နဲ့ Kang Dong-won တို့က ဆွေမျိုး နီးစပ် တော်ကြပါတယ်။

Google
Google

အံ့သြဖို့ကောင်းလှစွာနဲ့ပဲ Gong Yoo နဲ့ Kang Dong-won တို့က သူတို့ဆွေမျိုး နီးစပ်တော်ကြတဲ့အကြောင်းကို ၂၀၀၄ ခုနှစ်မှ သိခဲ့ကြတာ ဖြစ်ပါတယ်။ ဆွေးမျိုးနီးစပ်တော်စပ်ကြတဲ့ နာမည်ကြီး ထိတ်ထိတ်ကြဲ မင်းသားနှစ်ယောက်အကြောင်းကို စိတ်ဝင်စားဖွယ်လေး ဖော်ပြပေးလိုက်ပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။