Ladies' Code အဖွဲ့ဟာဆိုရင် ၂၀၁၃ ခုနှစ်က တောင်ကိုရီးယားနိုင်ငံမှာ နာမည်ကြီးရေပန်းစားတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။ Ladies' Code အဖွဲ့ကို အဖွဲ့ဝင် ၅ ယောက်နဲ့ ဖွဲ့စည်းထားပြီး ပွဲဦးထွက်လာလာချင်းမှာပဲ music site တွေမှာ နေရာတစ်နေရာ ရရှိခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။ Ladies' Code အဖွဲ့ ပွဲဦး ထွက်ပြီး ၁ နှစ်အကြာ ၂၀၁၄ ခုနှစ်မှာ မောင်းနှင်လာတဲ့ကား ယာဉ်တိုက်မှုဖြစ်ပြီး အဖွဲ့ဝင်တွေ ဒဏ်ရာပြင်းထန်စွာ ရရှိကာ အဖွဲ့ဝင် ၂ ဦး ဆုံးပါးသွားခဲ့ပါတယ်။

Google

Ladies' Code အဖွဲ့က ၂၀၁၃ ခုနှစ်မှာ သူတို့ရဲ့ အယ်လ်ဘမ်ဖြစ်တဲ့ Code #1 နဲ့ Bad Girl နှစ်ခုနဲ့ Polaris Entertainment လက်အောက်ကနေ ပွဲဦးထွက်လာခဲ့တာဖြစ်ပါတယ်။ Ladies' Code အဖွဲ့ဟာ Pretty Pretty သီချင်းနဲ့ Bugs Music စာရင်းမှာ နံပါတ် ၁ ရရှိခဲ့ပြီး အခြား Music Chart တွေမှာလည်း Top 10 ဝင်ခဲ့ပါတယ်။ Ladies' Code အဖွဲ့ဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာ ဆိုလ်းကို ပြန်လာတဲ့ လမ်းမှာပဲ ယာဉ်တိုက်မှုဖြစ်ပြီး အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ EunB နဲ့ RiSe တို့ကို ဆုံးရှုံးခဲ့ပါတယ်။

Google
Google

များပြားလှတဲ့ အချိန်စာရင်းတွေကြောင့် ယာဉ်မောင်းက အလျင်လိုလိုနဲ့မောင်းမိပြီး အခုလိုမျိုး ယာဉ်တိုက်မှု ဖြစ်သွားခဲ့ရတာလို့ သိရပါတယ်။

Google

Ladies' Code အဖွဲ့ရဲ့ မန်နေဂျာ Park ဟာဆိုရင်လည်း အရှိန်ပြင်းထန်စွာ မောင်းနှင်မှုကြောင့် ထောင်ကျခဲ့ပါတယ်။ Ladies' Code အဖွဲ့ဟာ ဆိုးရွားလွန်းလှတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်မှာ လှုပ်ရှားမှုတွေကို ခဏ ဆိုင်းငံ့ထားပြီး အင်အား ပြန်ယူခဲ့ကြပါတယ်။ အဖွဲ့ဝင် ၂ ဦးကို ဆုံးရှုံးလိုက်ရတဲ့ အချိန်က အယ်လ်ဘမ်အသစ် ထွက်ခါနီးအချိန်မှာ ဖြစ်တာကြောင့် အဖွဲ့အတွက် ဆုံးရှုံးမှုကြီးကလည်း တော်တော်များပါတယ်။

Google

Ladies' Code အဖွဲ့ဟာ ကျန်ရှိနေတဲ့ အဖွဲ့ဝင် ၃ ဦးနဲ့ အားပြန်ယူပြီး ၂၀၁၅ ခုနှစ်မှာ အနုပညာလှုပ်ရှားမှုတွေကို ပြန်လည် အသက်သွင်းခဲ့ပါတယ်။ ဆုံးပါးသွားတဲ့ အဖွဲ့ဝင် နှစ်ဦး EunB နဲ့ RiSe တို့ကို အောက်မေ့သတိရတဲ့ အစီအစဉ်လေးတွေ တောက်လျောက်လုပ်ခဲ့တဲ့ Ladies' Code အဖွဲ့ဟာ ၂၀၂၀ ခုနှစ်မှာ Polaris Entertainment ကနေ နှုတ်ထွက်ခဲ့ပြီး တစ်ဦးချင်းစီအနေနဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တွေ ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။

Google

ပွဲဦးထွက်ကောင်းခဲ့ပြီး အောင်မြင်မှု အလားအလာတွေ အများကြီးရှိတဲ့ Ladies' Code အဖွဲ့ဟာ မန်နေဂျာရဲ့ မဆင်မခြင်ကားမောင်းမှုကြောင့် ပြိုကွဲခဲ့ရပြီး အသက်သေဆုံးသည်အထိ ဆိုးရွားမှုတွေ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဘယ်သောအခါမှ အဖွဲ့ဝင်တွေ လူစုံမရှိနိုင်တော့တဲ့ Ladies' Code အဖွဲ့အကြောင်းလေးကို စိတ်မကောင်းဖွယ်လေး ဖော်ပြပေးလိုက်ပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။