တောင်ကိုရီးယား သရုပ်ဆောင်မလေး Go Soo Jung ဟာဆိုရင် Goblin ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက်ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ Go Soo Jung ဟာဆိုရင် BTS သီချင်း ဗီဒီယိုမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ သူဖြစ်ပါတယ်။

Google

Go Soo Jung က ငယ်ရွယ်တဲ့သူလေးဖြစ်ပြီး သရုပ်ဆောင် အရမ်းကောင်းတဲ့သူဖြစ်တာကြောင့် သူမဆီမှာ တက်လမ်းတွေ အများကြီးရှိပါတယ်။ ရုပ်ရည်ချောမောပြေပြစ်ပြီး ပန်းလေးတစ်ပွင့်လိုမျိုး နုနယ်လွန်းတဲ့ Go Soo Jung ဟာ အသက် ၂၄ နှစ်အရွယ်မှာပဲ လူ့လောကကြီးကို စွန့်ခွာသွားခဲ့ပါတာ ဖြစ်ပါတယ်။ Go Soo Jung က Goblin ဇာတ်လမ်းထဲမှာ သရဲမလေးနေရာကနေ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Google

Go Soo Jung ကွယ်လွန်သွားခဲ့ရတာက မွေးရာပါ နာတာရှည်ရောဂါကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ Go Soo Jung ကွယ်လွန်သွားခဲ့ချိန်မှာ သူမရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေသာ အခန်းအနားပွဲကို တတ်ရောက်ခဲ့ပါတယ်။ Go Soo Jung ဟာ အမြဲ တမ်းလှပနုပျိုနေတဲ့ ကောင်မလေးဖြစ်ပြီး နေမကောင်းတဲ့ ပုံစံကိုလည်း တစ်ခါမှ မမြင်ရတဲ့ သူလေး ဖြစ်ပါတယ်။

Google
Google

ဒါကြောင့် ပရိသတ်တွေက သူမကိုကျန်းမာနေတဲ့သူလို့ ထင်ခဲ့ပေမယ့်လည်း Go Soo Jung ဟာ ရုတ်တရက်ကွယ်လွန်သွားခဲ့တာကြောင့် များ စွာ စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ Go Soo Jung ဟာ ဖေဖော်ဝါရီ ၇ ရက်နေ့ ၂၀၂၀ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး Goblin ဇာတ်လမ်းအပြီး ၄ နှစ်အကြာမှာ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

Google

Go Soo Jung ဟာ Goblin ဇာတ်လမ်းတွဲတစ်ခုပဲ ရိုက်ပြီး အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့်လည်း အရွယ်မတိုင်ခင်မှာ ဆုံးပါးသွားခဲ့တာကြောင့် အရမ်း နှမြောဖို့ ကောင်းတဲ့ ကောင်မလေး ဖြစ်ပါတယ်။

Google

လူ့လောကထဲကနေ ထွက်သွားတာ ၂ နှစ်ကြာသွားပြီဖြစ်တဲ့ Goblin သရုပ်ဆောင်လေး Go Soo Jung အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။