တောင်ကိုရီးယား မိန်းကလေး အဆိုတော် အဖွဲ့ AOA ရဲ့ အဖွဲ့ဝင်ဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့Seolhyun ဟာ မျက်စိ မမြင်ရတော့တာနဲ့ ပတ်သတ်ပြီး သူမရဲ့ အခြေအနေကို ပြောပြလာခဲ့ပါတယ်။ 

Google

AOA အဖွဲ့ဝင် Seolhyun ဟာ မကြာသေးမီက ဆိုရှယ်မီဒီယာပေါ်မှာ သူမရဲ့ အမြင်အာရုံတွေက နေရာတစ်ခုကို ကြည့်လိုက်ရင် Video call ပြောနေရင်း အင်တာနက် မကောင်းတဲ့အခါ ဖြစ်သလို အထစ်အထစ် ဝါးတားတား ပုံရိပ်တွေ ပေါ်လာတယ်လို့ စာလေးနဲ့ ဖော်ပြခဲ့ပါတယ်။ ဒီအကြောင်းအရာက သူမရဲ့ ပရိသတ်ပေါင်းများစွာကို စိတ်မကောင်းဖြစ်စေခဲ့သလို စိုးရိမ်မှုလည်း မြင့်တတ်စေခဲ့ပါတယ်။ 

Google

ဒီကနေ့မှာတော့ Seolhyun ကမျက်စိ တဖြည်းဖြည်း ကွယ်လာတာနဲ့ပတ်သတ်ပြီး သူမရဲ့ အတွေ့အကြုံလေးကိုဝေမျှပေးလာခဲ့ပါတယ်။ 

Instagram 

Seolhyun က သူမဟာ otolithiasis လို့ခေါ်တဲ့ အကြားအာရုံ (နားရောဂါ) နဲ့ ပတ်သတ်တဲ့ ဝေဒနာ ခံစားနေရတာဖြစ်ကြောင်း အားလုံးလဲ သူမလိုမျိုးအထစ် အထစ် ပုံရိပ်တွေ မြင်နေရရင် နားရောဂါဆရာဝန်ဆီကို သွားပြသင့်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ 

Google

Seolhyun ရဲ့ ဝေဒနာကို ပရိသတ်တွေက မျက်စိရောဂါဖြစ်နိုင်တယ်လို့ ထင်မြင်ချက်ပေးခဲ့ကြပေမယ့် Seolhyun ရဲ့ ရောဂါက မျက်စိရောဂါမဟုတ်ဘဲ နားရောဂါ ဖြစ်နေခဲ့တာပါ။ Seolhyun တစ်ယောက် အမြန်ဆုံး သက်သာပါစေလို့ ဆုတောင်းပေးရင်း နားရောဂါ တစ်မျိုး အကြောင်းကို ပရိသတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ်။ 

Google

Seolhyun ရဲ့ အခြေအနေလေးကိုလည်း ဆက်လက်ပြီး စောင့်ကြည့်သွားကြရအောင်နော်။ 

Google
Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။