Exo အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Sehun  ဟာဆိုရင် SMTOWN LIVE 2022 အစီအစဉ်မှာ ပါဝင်ခဲ့ခြင်း မရှိခဲ့တာကြောင့် SM ရဲ့ခွဲခြားဆက်ဆံခြင်း ခံနေရတယ်ဆိုပြီး ပရိသတ်တွေကြားမှာ နာမည်ကြီး ရေပန်းစားနေပါတယ်။ မကြာသေးမီက SM Entertainment က သြဂုတ်လ ၂၀ ရက်နေ့မှာ ကျင်းပမယ့် SMTOWN LIVE အစီအစဉ်အကြောင်းကို ထုတ်ဖော်ကြေညာခဲ့တာဖြစ်ပါတယ်။

Google

လွန်ခဲ့တဲ့ ၅ နှစ်တုန်းကလည်း , “SM TOWN Live World Tour VI” ကို အနုပညာရှင် ၆၁ ယောက်နဲ့ စုစည်းပြီး ကျင်းပခဲ့ဖူးပါတယ်။ ၅ နှစ်ကြာမှ ပြန်လည် ကျင်းပမှာဖြစ်တာကြောင့် SM ရဲ့ “SM TOWN Live 2022” အစီအစဉ် အကြောင်းကို ပရိသတ်ပေါင်းများစွာက ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ မျှော်လင့်နေခဲ့ကြတာဖြစ်ပါတယ်။ ပွဲအစီအစဉ်မှာ ပါဝင်မယ့် အိုင်လ်ဒေါ အနုပညာရှင် စာရင်းတွေကိုလည်း ပရိသတ်တွေက မျှော်လင့်ရင်း သိချင်နေခဲ့ကြတာဖြစ်ပါတယ်။

Google

အစီအစဉ်မှာ ပါဝင်သွားမယ့် အိုင်လ်ဒေါ အနုပညာရှင်စာရင်းတွေ ထုတ်ပြန်ပြီးသွားတဲ့နောက်မှာတော့ Exo ပရိသတ်တွေရဲ့ မကျေမနပ် ချက်တွေ များစွာ ဖြစ်ပေါ်နေပါတယ်။ စာရင်းထဲမှာ SNSD၊  BoA ၊ DBSK ၊ Super Junior ၊ Red Velvet ၊ NCT ၊  aespa နဲ့ နာမည်ကြီး အဖွဲ့တွေက အိုင်လ်ဒေါပေါင်း များစွာ ပါဝင်ပေမယ့် Sehun ကတော့ ပျောက်နေခဲ့ပါတယ်။

အစီအစဉ် စာရင်းမှာ Exo အဖွဲ့ဝင်တွေထဲက Suho ၊ Xiumin ၊ Chen ၊ D.O နဲ့ Kai တို့အားလုံး ပါဝင်ပါတယ်။ Baekhyun နဲ့ Chanyeol တို့ကတော့ စစ်မှုထမ်းနေတာကြောင့် အစီအစဉ်ထဲမှာ မပါဝင်ပါဘူး။ Shinee အဖွဲ့မှာလည်း Onew က အချိန်စာရင်းတွေ အများကြီး ပြည့်နေတာကြောင့် မပါနိုင်ဘူးလို့ သိရပါတယ်။ အားလုံးက သူ့နေရာနဲ့သူ ပါဝင်ကြပေမယ့် Exo အဖွဲ့ဝင် Sehun ကတော့ အကြောင်းအရင်း ရေရေရာရာ မရှိဘဲ ပျောက်နေခဲ့ပါတယ်။

Twitter

ဒီသတင်းကို သိပြီးပြီးချင်းမှာ များပြားလှစွာသော Exo ပရိသတ်တွေက SNS platform တွေကနေတစ်ဆင့်သော်လည်းကောင်း ၊ Twitter ပေါ်ကနေလည်းကောင်း သူတို့ရဲ့ မကျေနပ်ချက်တွေကို ရေးတင်ခဲ့ကြပါတယ်။ ဒီအကြောင်းအရာက ရိုးရှင်းစွာနဲ့ မပြီးဆုံးသွားဘဲ ဝေဖန်မှုတွေ အများကြီး ဖြစ်ပေါ်နေခဲ့ပြီး SM က Sehun ကို ခွဲခြားဆက်ဆံပြီး အနိုင်ကျင့်တယ်ဆိုတဲ့ အကြောင်းတွေ ပျံ့နှံ့ခဲ့ပါတယ်။

Twitter
Twitter

တချို့ကလည်း အစီအစဉ်ထဲမှာ Sehun မပါရတဲ့ အကြောင်းအရင်းက Sehun က Barbie ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ အလုပ်ရှုပ်နေတာကြောင့် ဖြစ်တယ်လို့ ဆိုထားကြပါတယ်။ သတင်းအတိအကျကို ဖြေရှင်းချက် မထုတ်ပြန်ရသေးတာကြောင့် ပရိသတ်တွေ အများကြီးက SM Entertainment ရဲ့ တရားဝင် ဖြေရှင်းချက်ကို စောင့်မျှော်လျှက်ရှိပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။