တောင်ကိုရီးယားမင်းသမီး ဆောင်းဟေကို ဟာဆိုရင် အသက် ၄၀ နှစ်အရွယ်မှာ အောင်မြင်မှုတွေ ပိုတိုးပြီး ရရှိနေတဲ့သူဖြစ်ပါတယ်။ ဆောင်းဟေကိုဟာ လွန်ခဲ့တဲ့ ၃ နှစ်က ဆောင်းဂျွန်ကီနဲ့ ကွာရှင်းခဲ့ပြီး ကလေးမွေးဖွားခဲ့တာမျိုး မရှိဘဲ တစ်ဦးတည်း အမှီအခို ကင်းကင်းနဲ့နေထိုင်နေတာပဲ ဖြစ်ပါတယ်။

Instagram

အမျိုးသမီးတစ်ယောက်အနေနဲ့ အိမ်ထောင်ရေး ပြိုကွဲခဲ့ပြီးတဲ့နောက်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကြုံတွေ့ရလေ့ရှိပါတယ်။ ဒါပေမယ့် ဆောင်းဟေကိုကတော့ မဟုတ်ပါဘူး။ သူမက သူမကိုယ်သူမ ပိုပြီးလှပလာအောင် ပြင်ဆင်ပြီး အရင်ကထက်ပိုမို အရည်အချင်းတွေ တိုးတတ်အောင် လုပ်ကာ ဘဝကြီးကို တိုးတတ်မှုတွေနဲ့ ရပ်တည်လျက်ရှိပါတယ်။

Instagram

ဆောင်းဟေကို က အသက် ၄၀ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် နုပျိုတဲ့ ပုံရိပ်က ပျောက်ကွယ်မသွားဘဲ အခုအချိန်အထိ ပုရိသတွေကြားမှာ ချစ်ဖို့ကောင်းတဲ့ အမျိုးသမီးလေး အဖြစ် ရှိနေတုန်းပဲ ဖြစ်ပါတယ်။ မကြာသေးမီကလည်း ဆောင်းဟေကိုရဲ့ ပုံရိပ်လေးတွေကို W Korea က ထုတ်ပြန်ခဲ့ပါတယ်။ ဓာတ်ပုံလေးတွေထဲမှာ တိမ်တွေဖုံးနေတဲ့ ပါရီမြို့ရဲ့ ကောင်းကင်ပြာကြီးထက်မှာ လှပပြီး ကျက်သရေနဲ့ ပြည့်စုံနေတဲ့ မမ ဆောင်းဟေကိုကို တွေ့ရပါတယ်။ မမ ဆောင်းဟေကို ဝတ်ထားတဲ့ ဝတ်စုံက ရိုးရိုး ချည်ဖွန် ဝတ်စုံလေး ဖြစ်တာကြောင့် သူ့ရဲ့ အရောင်ကာလာက ရာသီဥတု ပုံစံနဲ့ အရမ်းကို လိုက်ဖက်မှုရှိနေပါတယ်။ ဝတ်ဆင်ထားတဲ့ ဘောင်းဘီအတိုလေးက ဂျက်ကပ်လေးနဲ့ လိုက်ဖက်မှုရှိနေပြီး ပိန်သွယ်တဲ့ခြေထောက်လေးတွေက လူအများကို အကြည့်မလွှဲနိုင်ဖြစ်သွားစေပါတယ်။

Instagram
Instagram

လွတ်လပ်ပေါ့ပါးစွာနဲ့ လူငယ်လေးတစ်ယောက်လိုမျိုး ပါရီမြို့ရဲ့ လမ်းမကြီးထက်မှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ကြီး လျှောက်သွားနေတဲ့ ဆောင်းဟေကိုရဲ့ ပုံရိပ်ကလည်း ပရိသတ်တွေကို အပျော်တွေ ကူးစက်သွားစေခဲ့ပါတယ်။

Instagram

ဆောင်းဟေကို ဟာ အသက် ၄၀ အရွယ်ရှိနေပြီဆိုပေမယ့် ဘဝကြီးကို ရှင်သန်ဖို့အတွက် တုံ့ဆိုင်းမနေဘဲ ယုံကြည်မှုရှိစွာနဲ့ ဖြတ်သန်းလျက်ရှိပါတယ်။ တစ်ချိန်တစ်ခါက အိမ်ထောင်ကွဲ ခဲ့ဖူးတယ်ဆိုပေမယ့်လည်း ဆောင်းဟေကို ဟာ သူမဘဝရဲ့ အတားအဆီး အနှောက်အယှက်တွေကို အကုန်လုံးကို မေ့ပစ်ပြီး တစ်ယောက်တည်းဘဝနဲ့ ပျော်ရွှင်စွာ နေထိုင်နေတာ ဖြစ်ပါတယ်။ ဆောင်းဟေကို ဟာ အသက် ၄၀ နှစ်အရွယ်ရှိနေပြီဆိုပေမယ့် ဘယ်တော့မှ နာမည်ကျဆင်းသွားခြင်းမရှိဘဲ အောင်မြင်မှုတွေရရှိနေတဲ့ တောင်ကိုရီးယား screen queen အဖြစ် ရပ်တည်နေဆဲပဲ ဖြစ်ပါတယ်။

Instagram
Instagram

အိုမင်းသွားခြင်းမရှိ ဘဲ ဘဝကြီးကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ မင်းသမီး ဆောင်းဟေကိုရဲ့ အကြောင်းကို ကြည်နူးစရာလေး ဖော်ပြပေးလိုက်ပါတယ်။

Instagram
Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။