တောင်ကိုရီးယားမင်းသား Lee Min Ho ဟာဆိုရင် တစ်ချိန်တစ်ခါက ချစ်ကြိုက်ခဲ့ဖူးတဲ့ မင်းသမီး Park Min Young ရဲ့ ရည်းစားဟောင်းနဲ့ စားပွဲတစ်ခုတည်းမှာ အတူတူ ထိုင်ပြီး ပွဲတစ်ခု တတ်ရောက်နေတယ်ဆိုတဲ့ ပုံတွေ ထွက်ရှိလာပါတယ်။

သူတို့နှစ်ယောက်စလုံးက Park Min Young နဲ့ ချစ်ကြိုက်ခဲ့ကြဖူးတယ်လို့ သတင်းတွေ ထွက်ရှိခဲ့ဖူးတာ ဖြစ်ပါတယ်။ဓာတ်ပုံတွေထဲမှာ Lee Min Ho က သူငယ်ချင်းနဲ့အတူတူ ထိုင်နေပြီး Park Seo Joon က မတ်တပ်ရပ်နေတာဖြစ်ပါတယ် ။

Google

တောင်ကိုရီးယားမင်းသား Lee Min Ho နဲ့ Park Min Young တို့က အတိတ်မှာ ချစ်ကြိုက်နေကြတယ်လို့ သတင်းတွေ ထွက်ရှိခဲ့ပြီး Park Seo Joon နဲ့ Park Min Young တို့လည်း “What’s Wrong With Secretary Kim?” ဇာတ်လမ်းနဲ့ ချစ်ကြိုက်ခဲ့ကြတယ်လို့ သတင်းတွေ ထွက်ခဲ့ကြတာဖြစ်ပါတယ်။

Google
Google
Google

သူတို့နှစ်ဦးစလုံးက Park Min Young နဲ့ အရမ်းကို ခိုင်မာတဲ့ ဆက်ဆံရေးတွေ မရှိထားကြဘူးဆိုပေမယ့် ပရိသတ်တွေကတော့ ရည်းစားဟောင်းတွေအဖြစ် သတ်မှတ်ထားတဲ့သူတွေ ဖြစ်ပါတယ်။ တစ်ချိန်က ကောင်မလေး တစ်ယောက်တည်းနဲ့ သတင်းထွက်ခဲ့ဖူးတဲ့ နာမည်ကြီး မင်းသားနှစ်ယောက်ကို အခုလိုမျိုး ပွဲတစ်ခုတည်းမှာ အတူတွဲ မြင်ရတဲ့အတွက် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုဟာလည်း မြင့်တတ်လျက်ရှိပါတယ်။

Google
Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။