တောင်ကိုရီးယားမင်းသား Seo Do Young ဟာဆိုရင် Spring Waltz ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကိုတခဲနက်ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ Seo Do Young အနုပညာလမ်းကြောင်းထက်ဆီကို မော်ဒယ်အဖြစ်နဲ့ ရောက်ရှိလာတဲ့သူဖြစ်ပြီး မော်ဒယ်ကနေတဆင့် သရုပ်ဆောင်အဖြစ် အောင်မြင်မှုတွေ ရရှိလာခဲ့တဲ့ သူဖြစ်ပါတယ်။ Seo Do Young ဟာနာမည်ကြီး ဖက်ရှင် ကုမ္ပဏီတွေဖြစ်တဲ့ Gucci ၊ Dolce & Gabbana နဲ့ Tommy Hilfiger တို့နဲ့လည်း အလုပ်တွဲလုပ်ဖူးတဲ့ သူဖြစ်ပါတယ်။ 

Google
Google

Seo Do Young က မော်ဒယ်တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်အဖြစ် စိတ်နှစ်ပြီး ခြေလှမ်းစတင်ခဲ့ပေမယ့်လည်း သူ့ရဲ့ ဇာတ်လမ်းတွဲတွေဟာ အောင်မြင်မှု အရမ်း ကြီးကြီးမားမား မရရှိခဲ့ပါဘူး။ ဒါကြောင့် Seo Do Young ကို ပရိသတ်တွေက သိပ်ပြီး မသိခဲ့ကြဘဲ အနုပညာ လှုပ်ရှားမှုကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပါတယ်။ 

Google

Seo Do Young က သူ့ချစ်သူကောင်မလေးနဲ့ တစ်နှစ်ခွဲသာ ချိန်းတွေ့ခဲ့ပြီး ၂၀၁၂ ခုနှစ် ၊ ဒီဇင်ဘာလမှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ မင်္ဂလာသတင်း မကြေညာခင် အချိန်မှာပဲ သူတို့ နှစ်ဦးရဲ့ သတင်းက ကောက်ရိုးမီး လိုမျိုးပရိသတ်တွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ 

Google
Google


လက်ရှိအချိန်မှာတော့ Seo Do Young ဆီမှာ သမီးလေးတစ်ယောက်တောင်ရှိနေပြီလို့ သိရပါတယ်။ Seo Do Young ကို အနုပညာလှုပ်ရှားမှုတွေဆီမှာ သိပ်ပြီး မတွေ့ရတော့ပေမယ့်လည်းSeo Do Young က သူ့ရဲ့ သာယာလှပတဲ့မိသားစုဘဝလေးနဲ့ ပျော်ရွှင်နေပြီပဲ ဖြစ်ပါတယ်။ 

Google
Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။