အားလုံးပဲ ငယ်ငယ်တုန်းက အရမ်းစိတ်ဝင်စားခဲ့ရတဲ့ မိုးကြိုးသွားဆိုတာကို မြင်ဖူးကြလား ? မိုးကြိုးပစ်လိုက်တာနဲ့ မိုးကြိုးသွားဆိုတာဘာလဲ သိချင်နေကြတဲ့ သူတွေအတွက် မိုးကြိုးသွားက ဘာလဲဆိုတာကို ရှင်းပြပေးသွားပါမယ်နော်။
![](https://s9.kh1.co/32/32106facc70193f95ed60a3a5c7bcaa59250e146.jpg)
မိုးကြိုးသွားဆိုတာကို အင်္ဂလိပ်လို Lightning Fulgurite လို့ ခေါ်ပါတယ်။ မိုးကြိုးသွားကို ကလေး ဘဝတုန်းက သိခဲ့ရသလောက် မိုးကြိုးပစ်ရင် ကျန်ခဲ့တဲ့ ပုဆိန်လိုမျိုး အရာကြီးလို့ သိကြပါတယ်။ တကယ်တမ်းမှာတော့ မိုးကြိုးသွားဆိုတာ ပုဆိန်နဲ့မတူသလို မိုးကြိုးပစ်ရင်မြေပြင်မှာ ကျန်ခဲ့တဲ့အရာလည်း မဟုတ်ပါဘူး။
![](https://s9.kh1.co/8c/8c437d08d1ca521608e2d93479dc29684937118b.webp)
မိုးကြိုးဆိုတာ အီလက်ထရောနစ် လျှပ်စီးရှော့ခ် တစ်မျိုးဖြစ်ပါတယ်။ လျှပ်စီးက ရှော့ခ် ရိုက်လိုက်တဲ့ ပုံစံမျိုး ဖြစ်တာကြောင့် သစ်သားလိုမျိုး အရာဝတ္ထု တစ်ခုခုနဲ့ထိမိရင် မီးလောင်ကျွမ်းသွားသလိုမျိုးသာ မဲသွားပြီး မိုကြိုးသွားဖြစ်မလာပါဘူး။
![](https://s9.kh1.co/24/24479fccc1fc6ad7149a772bf9651b50d84dfff9.webp)
![](https://s9.kh1.co/10/10427fa70c1302a80f0b98c63e251b307e8364b6.jpg)
မိုးကြိုးသွား ဖြစ်လာဖို့အတွက် မိုးကြိုးထိမှန်တဲ့နေရာက သဲ ပြင် (သို့မဟုတ်) ကျောက်တုံးဖြစ်ရပါမယ်။ သဲ (သို့မဟုတ်) ကျောက်တုံးထဲကို မိုးကြိုးရဲ့ လျှပ်စီးဓာတ်ဝင်ပြီး ဓာတ်ပြုသွားတာကြောင့် ဖန်ချက်စီလီကာတွေက အရည်ပျော်သွားပြီး မိုးကြိုးသွားတွေ ဖြစ်လာပါတယ် ။ မိုးကြိုးသွားတွေက အချောင်း အချောင်း ပုံစံရှိပြီးအရောင်က သဲမှုန့်အရောင်ဖြစ်ပါတယ်။
![](https://s9.kh1.co/ba/ba434591b3d0a47a113635a444d7bb5c3828d14a.jpg)
![](https://s9.kh1.co/7c/7c23ed9f17e6d0c3c939bbd30b9f8e9b1fc90abd.jpg)
![](https://s9.kh1.co/4d/4d45c7f83e133909fdae4ac885060d0bab8824bd.jpg)
မိုးကြိုးသွားတွေကို အတွေ့အများဆုံးနေရာက ကမ်းခြေကမ်းစပ်တွေနဲ့ သဲသောင်ပြင်တွေမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ မိုးကြိုးသွားတွေအကြောင်းကို သိသလောက်လေး စိတ်ဝင်စားဖွယ် ဖော်ပြပေးလိုက်ပါတယ်နော်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။