တောင်ကိုရီးယားမင်းသမီး Kim Ji Won ဟာဆိုရင် သရုပ်ဆောင်ကောင်းတဲ့သူတစ်ယောက်ဖြစ်ပြီး ဇာတ်ပို့အခန်းတွေမှာကအစ အောင်မြင်မှုတွေ ရရှိအောင် ဆောင်ရွက်နိုင်တဲ့သူဖြစ်ပါတယ်။ Kim Ji Won ဟာ သရုပ်ဆောင်လောကထဲကို ဝင်ရောက်တာ သက်တမ်းကြာမြင့် နေပြီဆိုပေမယ့် အနုပညာလောကမှာနေရာတစ်နေရာ ရဖို့အတွက်တော့ တော်တော်လေး အချိန်ယူရတာဖြစ်ပါတယ်။

Google

Kim Ji Won ဟာ ကျက်သရေရှိလှတဲ့သူအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတဲ့သူဖြစ်ပြီး ၉ တန်းအရွယ်ကတည်းက မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ Kim Ji Won ဟာ Trainee တစ်ယောက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိခဲ့တဲ့သူဖြစ်တာကြောင့် အဆိုပိုင်းကစလို့ အကပိုင်းအထိ ထူးချွန်တဲ့ အရည်အချင်းတွေ ရှိတဲ့သူဖြစ်ပါတယ်။

Google

အဆိုပိုင်းမှာ နှစ်ပေါင်းများစွာကြအောင် အရှုံးတွေနဲ့ ရင်ဆိုင်ရပြီးတဲ့နောက်မှာ ထူးခြားမလာတဲ့ အတွက် Kim Ji Won ဟာ သူ့ရဲ့ ဦးတည်ချက်ကို ပြောင်းလဲခဲ့ပါတယ်။ ချောမောလှပပြီး ချစ်စဖွယ် ရုပ်ရည်လေးကြောင့် Kim Ji Won ကို ပရိသတ်တွေက Oran C girl ၊ Lollipop girl ၊ ကင်တေဟီး အသေးစားလေးလို့ သိထားကြပါတယ်။

Google

Kim Ji Won က ၂၀၁၃ ခုနှစ်မှာ The Heirs ဇာတ်လမ်းတွဲ ရိုက်ကူးရင်း ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက် ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ The Heirs ဇာတ်လမ်းတွဲမှာလည်း သူမရဲ့ အလှအပနဲ့ ထိရောက်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးခြင်းကို ရရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက Kim Ji Won ရဲ့ အသက်က ၂၁ နှစ်အရွယ်ဖြစ်ပါတယ်။ The Heirs ဇာတ်လမ်းတွဲထဲမှာ Park Shin Hye ရဲ့ အောင်မြင်မှုနဲ့ နာမည်ရရှိလာခဲ့တဲ့ Kim Ji Won ဟာ Paek Shin Hye ရဲ့ အရိပ်နဲ့ အောင်မြင်ခဲ့တဲ့ သူလို့တောင် ခေါ်ဝေါ်ခြင်း ခံခဲ့ရပါတယ်။

Google

The Heirs ဇာတ်လမ်းတွဲ အပြီးမှာ Kim Ji Won ရဲ့ အောင်မြင်မှုတွေက မက်မောလောက်စရာ မကောင်းခဲ့ပြန်ပါဘူး။ သူမရဲ့ ငြိမ်နေတဲ့ အောင်မြင်မှုတွေက Descendants of the Sun ဇာတ်လမ်းနဲ့ ပြန်ပြီး တဟုန်ထိုး တတ်လာခဲ့ပါတယ်။ Descendants of the Sun မှာလည်း ခေါင်းဆောင်မင်းသမီးက ဆောင်းဟေကို ဖြစ်တာကြောင့် Kim Ji Won ကို ဆောင်းဟေကိုရဲ့ အရှိန်ကြောင့် နာမည်ကြီးလာတာလို့ ဆိုကြပါတယ်။ Kim Ji Won က သူမ ဇာတ်ကောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်လမ်းတွဲတွေက မပေါက်ဘဲ အရန် အနေနဲ့ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်လမ်းတွေကြမှ အောင်မြင်မှုတွေ တဟုန်ထိုး ရရှိနေတာ ဖြစ်ပါတယ်။

Google

Kim Ji Won က လက်ရှိမှာ ဘယ်သူနဲ့မှ တွဲမနေဘဲ တစ်ကိုယ်တည်း Single ဘဝနဲ့သာ ပျော်ရွှင်စွာ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ ဇာတ်လမ်းတွေမှာ ထင်ထားသလောက် အားရဖို့မကောင်းခဲ့ပေမယ့်လည်း အရံအနေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပိုပြီး အောင်မြင်လေ့ရှိတဲ့ တောင်ကိုရီးယားမင်းသမီး Kim Ji Won  အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။