Hwang In-youp ဟာဆိုရင် ဇူလိုင်လ ၂၄ ရက်နေ့တုန်းက Donghae Culture and Arts Center မှာ ပရိသတ်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၄ နှစ်အတွင်းမှာ ပထမဦးဆုံး ပြုလုပ်ခဲ့တဲ့ ပရိသတ်တွေ့ဆုံပွဲဖြစ်တာကြောင့် တောင်ကိုရီးယားမင်းသား Hwang In-youp က မျက်ရည်များနဲ့ ငိုကြွေးခဲ့ပါတယ်။

Google

ဒီအာရှတွေ့ဆုံပွဲက ပြီးခဲ့တဲ့ နှစ်တုန်းက အွန်လိုင်း ပရိသတ်တွေ့ဆုံပွဲပြီးရင် Hwang In-youp ရဲ့ ပထမဦးဆုံး ပရိသတ်တွေ့ဆုံပွဲ ဖြစ်ပါတယ်။ ဒါကြောင့် အခု ပရိသတ်တွေ့ဆုံပွဲမှာ Hwang In-youp က ဝမ်းသာလွန်းလို့ မျက်ရည်များတောင် ကျခဲ့ရတာဖြစ်ပါတယ်။ Hwang In-youp ဟာ JTBC ရဲ့ ဒရမ်မာတွေဖြစ်တဲ့ 18 Again,” tvN ရဲ့ “Beauty Inside,” အပါအဝင် “Netflix စီးရီး ဖြစ်တဲ့  “The Sound of Magic” နဲ့  SBS ရဲ့  “Why Her,” ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Hwang In-youp က အနုပညာလမ်းကြောင်းထက်ဆီကို ၂၀၁၇ ခုနှစ်ကနေ စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး စတင်ရောက်ရှိလာကတည်းက ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို အပြည့်အဝ ရရှိခဲ့တဲ့ ကောင်လေး ဖြစ်ပါတယ်။

Google
Google
Google

ပရိသတ်တွေ့ဆုံပွဲမှာ Hwang In-youp က အချိန်တွေ အကုန်မြန်တာကို နောင်တရတဲ့အကြောင်း ထည့်သွင်းပြောထားပါတယ်။ Hwang In-youp ဟာ ရာသီဥတုမကောင်းတဲ့ကြားကနေ ရောက်လာပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင်း ၊ ဘယ်အခြေအနေဖြစ်ဖြစ် သူ့ကိုချစ်ပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ၊ သူ့ကိုချစ်ခြင်းမေတ္တာတွေ ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပရိသတ်တွေ အားလုံးကို ချစ်ကြောင်း အားလုံးနဲ့ နောက်တစ်ကြိမ်ပြန်တွေ့ချင်ကြောင်း စတဲ့ အကြောင်းအရာလေးတွေကို မျက်ရည်များနဲ့ ပြောခဲ့ပါတယ်။

Google

လက်ရှိမှာဆိုရင် Hwang In-youp က နိုင်ငံပေါင်းစုံက ပရိသတ်တွေနဲ့ လိုက်လံတွေ့ဆုံနေပြီး စင်ကာပူအပါအဝင် ၊ အင်ဒိုနီးရှားနိုင်ငံ ၊ ထိုင်းနိုင်ငံ ၊ ဂျပန်နိုင်ငံ နဲ့ ဖိလစ်ပိုင်နိုင်ငံတွေ ကိုပါ သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။