တောင်ကိုရီးယားမင်းသား So Ji-sub ဟာဆိုရင် ၁၈၃ စင်တီမီတာအရပ်ရှိပြီး သန်မာတဲ့ ပခုံးတွေကို ပိုင်ဆိုင်ထားတဲ့ ပရော်ဖက်ရှင်နယ် ရေကူးသမားတစ်ယောက်ဖြစ်ပါတယ်။ လှပကျယ်ပြန့်တဲ့ ပခုံးတွေကြောင့်ပဲ So Ji-sub ဟာ အနောက်တိုင်းဝတ်စုံတွေနဲ့အရမ်းလိုက်ဖက်ပါတယ်။

Google

So Ji-sub က ကလေးဘဝကတည်းက ရေကူးသမားအဖြစ် လုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ So Ji-sub သာ ရေကူးကစားတာကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့မယ်ဆိုရင် တကယ့်ကို နိုင်ငံနဲ့ချီပြီး အောင်မြင်တဲ့ ကစားသမားတစ်ယောက်ဖြစ်လာမှာပါ။ ဒါပေမယ့်လည်း ကံတရားက So Ji-sub ကို မင်းသားတစ်ယောက်ဖြစ်လာစေခဲ့ပါတယ်။So Ji-sub ဟာ ရေကူးသမားတစ်ယောက်ဖြစ်လာဖို့အတွက် လိုအပ်တဲ့ငွေကြေးကိုရှာဖွေဖို့ မော်ဒယ်အလုပ် လုပ်ခဲ့ရပါတယ်။ So Ji-sub ဟာ မော်ဒယ်အလုပ်နဲ့ ရေကူးခြင်းအလုပ်မှာ သူအရမ်း ကြိုက်နှစ်သတ်ရတဲ့ ရေကူးခြင်းကို စွန့်လွှတ်ခဲ့ပြီး ပရော်ဖက်ရှင်နယ် မော်ဒယ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

Google

 So Ji-sub ပထမဦးဆုံး သရုပ်ဆောင် အလုပ်လုပ်ခဲ့တဲ့ sitcom ဇာတ်လမ်းတွဲက “Three Guys and Three Girls” ဖြစ်ပါတယ်။

Google
Google

ရေကူးကစားသမားအဖြစ်ကနေ သရုပ်ဆောင် တစ်ယောက်ဖြစ်လာတဲ့ So Ji-sub ဟာ “Something Happened in Bali” and “I’m Sorry, I Love You” ဇာတ်လမ်းနဲ့ အောင်မြင်မှုတွေ ရရှိလာပြီး ထိပ်တန်း မင်းသားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

Google

So Ji-sub ဟာ ကျရာ ဇာတ်ကောင်မျိုးစုံမှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ပြီး ဇာတ်လိုက်ပိုင်းရော ဗီလိန်ပိုင်းရောမှာ ကျွမ်းကျင်တဲ့ မင်းသားကြီးဖြစ်ပါတယ်။ So Ji-sub  က လက်ရှိမှာ အသက် ၄၄ နှစ်ရှိနေပြီဖြစ်ပေယ့် ချောမောခန့်ညားနေတုန်းပဲ ဖြစ်ပါတယ်။ တန်ဖိုးထားရတဲ့ ရေကူးအားကစားကို စွန့်ပြီး မင်းသားအဖြစ်အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ မင်းသားကြီး So Ji-sub ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။