တောင်ကိုရီးယား နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်သလို Running Man အဖွဲ့ဝင်ဟောင်းတစ်ယောက်လည်း ဖြစ်တဲ့ Kang Gary ဟာဆိုရင် ချစ်စရာ မိသားစုလေးကို ရရှိပိုင်ဆိုင်ထားတဲ့ သူဖြစ်ပါတယ်။ Kang Gary ဟာ မိသားစုကို အရမ်းချစ်တဲ့သူဖြစ်ပြီး သူ့ရဲ့ အချိန်တွေကို မိသားစုအတွက်ပဲ ပေးဖြစ်လေ့ရှိတဲ့ သူဖြစ်ပါတယ်။

Instagram
Google
Google

Kang Gary က Running Man အဖွဲ့ထဲမှာ ပရိသတ်တွေ ရဲ့ အားပေးမှုကို တခဲနက် ရရှိပိုင်ဆိုင်ထားတဲ့ တက်ကြွတဲ့ သူတစ်ယောက်ဆိုပေမယ့်လည်း Running Man အဖွဲ့ထဲကနေ ထွက်ရှိဖို့ ရွေးချယ်ခဲ့တဲ့သူဖြစ်ပါတယ်။ Running Man အဖွဲ့ကနေ ထွက်ပြီးတဲ့နောက်မှာ သီချင်းတွေဆိုရင်း ၊ မိသားစုကို အချိန်ပေးရင်းနဲ့ပဲ ဘဝကြီးကို ဖြတ်သန်းလျက်ရှိတဲ့ Kang Gary ဟာ လက်ရှိမှာ မိန်မနဲ့ သားလေးနဲ့အတူတူ ဂျယ်ဂျူကျွန်းကို ရောက်ရှိနေတာဖြစ်ပါတယ်။

Instagram

ပူပြင်းတဲ့နွေရာသီမှာ ရာသီဥတု အခြေအနေကို ဂရုမစိုက်ဘဲ ပျော်စရာခရီးလေး ထွက်နေတဲ့ Kang Gary ဟာ သားဖြစ်သူနဲ့ ခရီးအတူတူ ထွက်နေတဲ့ ပုံရိပ်လေးတွေကို “ဂျယ်ဂျူ” ၊ “ဂျယ်ဂျူ ကျွန်း” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ တင်ပေးလာတာ ဖြစ်ပါတယ်။

Instagram

ဓာတ်ပုံလေးတွေထဲမှာ Kang Gary က အသက် ၆ နှစ်အရွယ်သားဖြစ်သူလေးကို ပူပြင်းတဲ့နွေရာသီမှာ ချီပိုးထားတာ ဖြစ်ပါတယ်။ ချစ်စရာ မိသားစုလေးနဲ့အတူတူ ပူပြင်းတဲ့နွေရာသီကို အံတုပြီး ခရီးထွက်နေတဲ့ Kang Gary တို့ မိသားစုပုံရိပ်လေးတွေကို တစ်ပုံချင်း ဝင်ကြည့်သွားလိုက်ကြပါဦးနော်။

Instagram

တောင်ကိုရီးယား အဆိုတော် Gary ဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောက ကမဟုတ်တဲ့ ဇနီးသည်နဲ့ လက်ထပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာပဲ ပထမဦးဆုံး သားလေးကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။