ဆုနဒီစိုးဟာဆိုရင် တောင်ကိုရီးယားမှာ ပထမဦးဆုံး ကေပေါ့ အိုင်ဒေါ ခေါင်းဆောင်အဖြစ် ပွဲဦးထွက်ခဲ့တဲ့ မြန်မာနိုင်ငံသူလေး ဖြစ်ပါတယ်။ ဆုနဒီစိုးဟာ WinnerZone Entertainment နဲ့ စာချုပ်ချုပ်ထားတဲ့သူဖြစ်ပြီး Rumble-G အဖွဲ့ ခေါင်းဆောင်အဖြစ် ပွဲဦးထွက်လာခဲ့တဲ့သူဖြစ်ပါတယ်။

Google

အနုပညာနာမည်ကို တောင်ကိုရီးယားနာမည်  DiDi (디디) အဖြစ်နဲ့ ပွဲဦးထွက်လာခဲ့တဲ့ ဆုနဒီစိုးဟာ တောင်ကိုရီးယားရဲ့ ပထမဦးဆုံး မြန်မာလူမျိုး ကေပေါ့အိုင်ဒေါအဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။

Google

Rumble-G အဖွဲ့ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ မှာ "Roopretelcham" ဆိုတဲ့ သီချင်းနဲ့ ပွဲဦးထွက်လာခဲ့တဲ့ အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင် ၄ ဦးနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။  Rumble-G အဖွဲ့ရဲ့ အဖွဲ့ခေါင်ဆောင် မြန်မာမလေး ဆုနဒီစိုးဟာ တောင်ကိုရီးယားတက္ကသိုလ်မှာ Media Arts ဘာသာရပ်နဲ့ ဘွဲ့ရခဲ့တဲ့သူဖြစ်ပါတယ်။ သူမက TOPIK စာမေးပွဲဖြေဆိုအောင်မြင်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

Google
Google

DiDi က ကိုရီးယားနဲ့အင်္ဂလိပ် ဘာသာစကားနှစ်မျိုးကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်တဲ့သူလေးဖြစ်ပြီး အဆိုပညာမှာရော အကပညာမှာပါ ထူးချွန်တဲ့သူဖြစ်ပါတယ်။ သူမရဲ့ အသက်က လက်ရှိမှာ ၂၄ နှစ်ရှိနေပြီပဲ ဖြစ်ပါတယ်။

Google
Google

တောင်ကိုရီးယားနိုင်ငံမှာ ပထမဦးဆုံး ကေပေါ့အိုင်ဒေါအဖြစ်ရပ်တည်နေတဲ့ မြန်မာမလေး ဆုနဒီစိုးအကြောင်းကို ဂုဏ်ယူစွာနဲ့ဖော်ပြပေးလိုက်ပါတယ်။ Rumble-G ရဲ့ ပွဲဦးထွက်ဗီဒီယိုလေးကို အောက်မှာ ဝင်ရောက်အားပေးနိုင်ပါတယ်နော်။

Youtube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။