Blackpink အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Lisa ဟာဆိုရင် ပထွေးဖြစ်သူနဲ့ ကြီးပြင်းလာရပေမယ့် ပထွေးက ဖခင်အရင်းထက်တောင် ပိုပြီး ဂရုစိုက်ပေးတတ်ပြီး ကောင်းမွန်နေခဲ့တာဖြစ်ပါတယ်။ Lisa ရဲ့ မိခင် Mrs. Manoban ဟာ ထိုင်းအမျိုးသမီးတစ်ယောက်ဖြစ်ပြီး အသက် ငယ်ငယ်လေးနဲ့ Lisa ရဲ့ ဖခင်အရင်းနဲ့ အိမ်ထောင်ကျခဲ့တာဖြစ်ပါတယ်။

Google

Lisa လေးကို မွေးပြီးနောက်မှာ Lisa ရဲ့ မိခင်က ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြီးနောက်မှာ Marco Brüschweiler လို့ခေါ်တဲ့ ဆွိစ်ဇာလန်စားဖိုမှူးတစ်ယောက်နဲ့ လက်ထပ်ခဲ့ပါတယ်။ Marco Brüschweiler က Swiss Hotel School ကနေ ၁၉၈၉ ခုနှစ်ကနေမှာ ဘွဲ့ရရှိခဲ့ပြီး တောင်အာဖရိကနိုင်ငံမှာ ရှိတဲ့ Sun City Casino မှာ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ Marco Brüschweiler က ထိုင်းဟင်းလျာတွေ ချက်ပြုတ်တဲ့နေရာမှာ အရမ်းတော်တဲ့သူဖြစ်တာကြောင့် ဘန်ကောက်က ဟော်တယ်တွေမှာလည်း စားဖိုမှူးအဖြစ် နာမည်ကြီးတဲ့ သူဖြစ်ပါတယ်။

Google
Google
Google

စားဖိုမှူးကြီး Marco Brüschweiler က Lisa အတွက် ဖခင်အရင်းတစ်ယောက် မဟုတ်ပေမယ့် သမီးလေးကို ကလေးဘဝတည်းက ဖခင်အရင်းတစ်ယောက်လိုမျိုး ချစ်တဲ့သူဖြစ်ပါတယ်။ Lisa ကိုယ်တိုင်လည်း သူမရဲ့ ဖခင်ကြီးကို အရမ်းချစ်ပြီး တိုင်းတစ်ပါးရောက်နေချိန်မှာလည်း အမြဲတမ်းလိုလို လွမ်းဆွတ်သတိရနေခဲ့တာဖြစ်ပါတယ်။

Google
Google
Google

Lisa က တောင်ကိုရီးယားနိုင်မှာ အောင်မြင်မှုတွေ အတားအစီးမဲ့ရရှိနေတဲ့ ကောင်မလေးတစ်ယောက်ဆိုပေမယ့် သူမက ကိုရီးယားလူမျိုးတစ်ယောက်မဟုတ်ပါဘူး။ ထိုင်းလူမျိုးကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ Lisa ရဲ့ မျက်လုံးနဲ့ ဆံပင်အရောင်လေးကလည်း လူမျိုးခြားမလေး တစ်ယောက်ဆိုတာ သိသာထင်ရှားပါတယ်နော်။

Google
Google

Lisa က သူမရဲ့ အဖေအရင်းနဲ့ ငယ်ငယ်လေးကတည်းက ဝေးကွာခဲ့တာကြောင့် ဖခင်မေတ္တာ ငတ်နေတဲ့ ကောင်မလေး ဖြစ်ပါတယ်။ စားဖိုမှူးကြီး Marco Brüschweiler က လည်း Lisa ကို သမီးအရင်းလေးတစ်ယောက်လိုမျိုး အရမ်းချစ်ပေးတဲ့အပြင် အောင်မြင်မှုအတွက် အမြဲတမ်း ဂုဏ်ယူပေးနေတဲ့ ဖခင်ကြီးဖြစ်ပါတယ်။

Google

သွေးသားမတော်စပ်ကြပေမယ့် အရမ်းချစ်ကြတဲ့ Lisa တို့ သားအဖနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြရင်း သူတို့သားအဖ နှစ်ယောက်အကြောင်းလေးကိုပါ မိတ်ဆက်ပေးလိုက်ပါတယ်နော်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။