ရုပ်ရှင်သရုပ်ဆောင် ဟိန်းဝေယံဟာဆိုရင် ရုပ်ရည်ချောမောပြီး ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့သူ ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိထားတဲ့သူဖြစ်ပါတယ်။ တစ်ချိန်က နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲ ဖြစ်တဲ့ မင်းသားချော ဟိန်းဝေယံ ဟာဆိုရင် လက်ရှိမှာ အနုပညာ လှုပ်ရှားမှုတွေ မလုပ်တော့ဘဲ အလှူအတန်းတွေ လုပ်းရင်းနဲ့ပဲ ပေါ့ပေါ့ပါးပါး နေ့စဉ် လှုပ်ရှားမှုဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ 

Hein Wai Yan’s Facebook
Hein Wai Yan’s Facebook
Hein Wai Yan’s Facebook

အချစ်ရေးနဲ့ ပတ်သတ်ပြီး သိုသိုသိပ်သိပ်နေတတ်တဲ့ မင်းသားချော ဟိန်းဝေယံက အခုတစ်ခေါက်မှာတော့ သူချစ်ပြီး တန်ဖိုးထားရတဲ့ ကောင်မလေးကို TikTok  လူမှုကွန်ရက်စာမျက်နှာပေါ်ကနေပြီး အလင်းပြပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ 

Hein Wai Yan’s Tiktok

ဗီဒီယိုလေးထဲမှာ မင်းသားချော ဟိန်းဝေယံကို သူချစ်ရတဲ့ ကောင်မလေးက နောက်ကနေ သိုင်းပြီး ဖက်ထားတာလေးက တော်တော်လေး ရင်ခုန်ဖို့ကောင်းလွန်းလှပါတယ်နော်။ 

Hein Wai Yan’s Facebook


နေနဲ့မြ ရွှေနဲ့လလိုမျိုး လိုက်ဖက်လွန်းလှတဲ့သရုပ်ဆောင် ဟိန်းဝေယံရဲ့ ချစ်သူ ကောင်မလေးပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

Hein Wai Yan’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။