တောင်ကိုရီးယားမင်းသား Jo In Sung ဟာဆိုရင် That Winter , the wind blows ၊ It's Alright this is love ၊Something happened in bali စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ 

Google 

Jo In Sung ဟာ တောက်ပနက်မှောင်တဲ့ မျက်လုံးတွေကြောင့်လည်း ဆွဲဆောင်မှု ရှိလွန်းတဲ့သူအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတဲ့ သူဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာသာမက အာရှနိုင်ငံ အများစုမှာပါ ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းကို ခံခံ့ရတဲ့ Jo In Sung ဟာ အိမ်တစ်အိမ်ရဲ့ အကြီးဆုံး သားလေးလည်း ဖြစ်ပါတယ်။ Jo In Sung က လက်ရှိမှာ အသက် ၄၀ အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။ 

Google
Google

Jo In Sung ဆီမှာ ရုပ်ချင်း အရမ်းတူပြီး မျက်နှာပေါက်ကျပုံလေးလှတဲ့ ညီလေးတစ်ယောက် ရှိပါတယ်။ Jo In Sung ရဲ့ ညီလေးကတော့ Jo In Sung လိုမျိုး အနုပညာလောကထဲက မဟုတ်ပါဘူး။ ညီဖြစ်သူကလည်း အစ်ကိုလိုပဲ ချောမောလွန်းတာကြောင့် ကင်ချီမြေက ပရိသတ်တွေက အကိုမရရင် ညီကိုယူမယ်ဆိုတဲ့အထိ ပြောခဲ့ကြဖူးတာတွေ ရှိပါတယ်။

Google
Google

မင်းသား Jo In Sung နဲ့ ရုပ်ချင်းဆင်တဲ့ ညီလေး ရဲ့ ဓာတ်ပုံလေးတွေကို မြင်မြင်ချင်းမှာ Netizen တွေက"အနုပညာရှင်မဟုတ်ဘဲ သာမန်လူတစ်ယောက်အတွက်တော့ ဒီလိုရုပ်မျိုးက ကြည့်ကောင်းတယ်လို့ သတ်မှတ်လို့ရပါတယ်။" နှစ်ယောက်လုံး ကြည့်ကောင်းပေမယ့် Jo In Sung က ပိုချောတယ်" "ဒီလို သားနှစ်ယောက်ကို ရုပ်တူလေး မွေးပေးနိုင်တဲ့အမေက ဘယ်သူလဲ" စတဲ့ မှတ်ချက်တွေ အများ အပြားပေးထားကြပါတယ်။ 

Google
Google

ပရိသတ်ကြီးကရော ဘယ်လိုထင်ကြလဲ ... Jo In Sung တို့ညီအစ်ကို နှစ်ယောက် ရုပ်လေးတွေ ဆင်ကြတယ်မဟုတ်လား .. တစ်ခုခုပြောပေးခဲ့ပါဦး။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။