တောင်ကိုရီးယားမင်းသမီး Park Chae-rim ဟာဆိုရင် ဆည်းဆာရင်ခုန်သံ ဇာတ်လမ်းတွဲမှာ ဆန်းမီအဖြစ်နဲ့ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ Park Chae-rim ဟာ တောင်ကိုရီးယားနိုင်ငံမှာအောင်မြင်မှုတွေရရှိတဲ့ မင်းသမီးဖြစ်ရုံသာမက တရုတ်ပြည်မှာလည်း တော်တော်လေး နာမည်ကြီးတဲ့သူလို့ ဆိုရမှာဖြစ်ပါတယ်။ 

Google

၂၀၀၀ ခုနှစ်တွေမှာ တောင်ကိုရီးယားရဲ့ နာမည်အကြီးဆုံး မင်းသမီးအဖြစ် ရပ်တည်ခဲ့တဲ့ Park Chae-rim ဟာတရုတ်ပြည်မှာလည်း ဇာတ်လမ်းတွဲများစွာကို ရိုက်ကူးခဲ့တဲ့သူဖြစ်ပါတယ်။ Park Chae-rim ကို တရုတ်ဇာတ်လမ်းတွဲတွေ တော်တော်များများထဲမှာတွေ့ခဲ့ရလို့ သူမကို တရုတ်မင်းသမီးလားလို့တောင် အထင်မှားခဲ့တဲ့ သူတွေ ရှိပါတယ်။ 

Google
Google

Park Chae-rim ဟာ ခင်ပွန်းဖြစ်သူ Lee Seung Hwan နဲ့ ကွာရှင်းပြီးနောက်မှာ တရုတ်မင်းသား Jiame Gao နဲ့ချစ်ကြိုက်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ 

Google
Google
Google

လက်ထပ်ပြီး ၆ နှစ်အကြာမှာ Chae-rim က ခင်ပွန်းဖြစ်သူ Jiame Gao နဲ့ကွာရှင်းခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ သားလေးMinyu နဲ့အတူ အမိမြေ တောင်ကိုရီးယားကို ပြန်လာခဲ့ပါတယ်။ 

Google

တောင်ကိုရီးယားကို ပြန်ရောက်ပြီးနောက်မှာလည်း Chae-rim  က နောက်ထပ် အိမ်ထောင် ထပ်ပြုခြင်း မပြုလုပ်ဘဲ Single Mother အဖြစ်နဲ့ပဲ ဘဝကြီးကို ရပ်တည်လျက်ရှိပါတယ်။ Chae-rim   က သားဖြစ်သူကို အပြည့်အဝစောင့်ရှောက်ဖို့အတွက် အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်လက်ပြီး လုပ်ဆောင်ခြင်းမရှိတော့ပါဘူး။ 

Google
Google

Chae-rim  ဟာဆိုရင် Single Mother အဖြစ်ရပ်တည်နေရပေမယ် ဘယ်သူ့ဆီကမှ သနားညှာတာမှုကို မလိုချင်ကြောင်း ဆိုပါတယ်။  ယောကျာ်းမရှိဘဲ ကလေးထိန်းနေတဲ့ အမျိုးသမီးတွေဆိုရင် ပတ်ဝန်းကျင်က သနားကြတဲ့မျက်လုံးတွေနဲ့ ကြည့်လေ့ကြည့်ထ ရှိပေမယ့် Chae-rim   က အဲဒီ မျက်လုံးတွေကို မုန်းတယ်လို့ ဆိုပါတယ်။ 

Google

ပရိသတ်တွေဆီကနေ သနားညှာတာမှု မလိုချင်တဲ့ အကြောင်း အရင်းက Chae-rim   က သူမ သားလေးရဲ့ အမြင်မှာ သူမကို သန်မာတဲ့ မိခင်တစ်ယောက်အနေနဲ့ မြင်စေချင်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ 

Google
Google

Chae-rim   ရဲ့သားလေးက အသက် ၅ နှစ် ရှိသွားပေမယ့်လည်း ဖခင်ရဲ့ မျက်နှာကို မမြင်ဖူးဘူးလို့ သိရပါတယ်။သားဖြစ်သူလေး အသက် ၃ နှစ်အရွယ်တုန်းကဆိုရင် ဖခင်ရှိလို့ ရှိမှန်းတောင် မသိဘူးလို့ Chae-rim   ကဆိုပါတယ်။ 

Google

သားလေးနဲ့ အပြင်လျှောက်လည်တိုင်းမှာ အခြားကလေးတွေရဲ့ အဖေတွေကို လိုက်ငေးကြည့်နေတဲ့ Minyu ကို မြင်ရင် သူမအနေနဲ့လည်း နာကျင်ခံစားရတယ်လို့ သိရပါတယ်။ 

Google
Google

တောင်ကိုရီးယားမင်းသမီး Chae-rim လက်ရှိမှာ အသက် ၄၃ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး အရွယ်နဲ့မလိုက်အောင်လှပနုပျိုနေတုန်းပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ Chae-rim  ကို အနုပညာလှုပ်ရှားမှု လမ်းကြောင်းထက်ဆီမှာ ပြန်လည် တွေ့မြင်ကြရဖို့ စောင့်မျှော်နေကြပါတယ်။ 

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။