တောင်ကိုရီးယားမင်းသားကြီး Kim Joo-hyuk ဟာဆိုရင် တဟုန်ထိုးအောင်မြင်မှု ရရှိနေတဲ့ အချိန်မှာ ကားတိုက်မှုကြောင့် သေဆုံးသွားခဲ့ရသူဖြစ်ပါတယ်။ Kim Joo-hyuk သေဆုံးသွားခဲ့တုန်းကဆိုရင် ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေက မယုံကြည်နိုင်လောက်အောင် အံ့ဩတုန်လှုပ်ခဲ့ကြရပါတယ်။ Kim Joo-hyuk ကွယ်လွန်သွားချိန်က ၂၀၁၇ခုနှစ် ၊ အောက်တိုဘာ ၃၀ ရက်နေ့မှာဖြစ်ပါတယ်။ Kim Joo-hyuk ဟာ အသက် ၄၅ နှစ်အရွယ်မှာ ဆုံးပါးသွားတာဖြစ်ပြီး မကွယ်လွန်ခင် တစ်ပတ်ကမှ ရုပ်ရှင်ထူးချွန်ဆု ရရှိထားခဲ့တာ ဖြစ်ပါတယ်။ 

Google
Google

Kim Joo-hyuk သေဆုံးမှုက ကားတိုက်မှုကြောင့်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက အတည်ပြုပေးခဲ့ပါတယ်။ Kim Joo-hyuk ကားနဲ့ တိုက်မိခဲ့တဲ့ တစ်ဖက်ယာဉ်ပေါ်က ကားသမားကတော့ ကံကောင်း ထောက်မစွာနဲ့အသက် ရှင်ခဲ့တယ်လို့ သိရပါတယ်။ 

Google

မင်းသားကြီး Kim Joo-hyuk ဟာ အသက် ၂၀ အရွယ်ကတည်းက ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး အောင်မြင်မှုတွေ ရရှိထားခဲ့တဲ့ သူဖြစ်ပါတယ်။ Kim Joo-hyuk ဟာ Yourself and Yours ၊ Confidential Assignment နဲ့  Hur Jun: The Original Story တို့ အပြင် အခြားဇာတ်ကားတွေ တော်တော်များများမှာလည်းပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ 

Google
Google
Google

ရုပ်ရှင်တို့ရဲ့ ဘုရင်လို့ တင်စားခေါ်ဝေါ်ရလောက်တဲ့အထိ ဇာတ်လမ်းတွဲတော်တော်များများမှာ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့ Kim Joo-hyuk ဟာ ကွယ်လွန်သွားခဲ့ပြီး တစ်နှစ်ကြာတဲ့အထိ “Believer” (၂၀၁၈)  ဇာတ်လမ်းထဲမှာ ပါဝင်နေခဲ့တုန်းပဲ ဖြစ်ပါတယ်။ 

Google

Kim Joo-hyuk ဟာ ဇာတ်ကောင်ပုံစံတိုင်းနဲ့ လိုက်ဖက်တဲ့ ထူးထူးခြားခြာ သရုပ်ဆောင်ဖြစ်ပြီး လူချစ်လူခင်ပေါများတာကြောင့် Kim Joo-hyuk ဆုံးပါးသွားတုန်းက ပရိသတ်တွေအားလုံး နှမြောသတဖြစ်ပြီး စိတ်မကောင် ဖြစ်ခဲ့ကြပါတယ်။

Google
Google
Google

ကွယ်လွန်ပြီး တစ်နှစ်ကြာတဲ့အထိ ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်နေဆဲဖြစ်တဲ့ မင်းသားကြီး Kim Joo-hyuk ရဲ့အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။