မြန်မာ့ဇာတ်သဘင်လောကမှာ ဟား ၅ ကောင်အဖွဲ့ဟာဆိုရင် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ဟား ၅ ကောင်အဖွဲ့ကို စိတ်တူကိုယ်တူ သူငယ်ချင်း လူရွှင်တော် ၅ ယောက်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် ဟား ၅ ကောင်အဖွဲ့ဝင်တွေ အားလုံးက လွတ်မြောက်နယ်မြေကို ရောက်ရှိနေခဲ့ကြတာဖြစ်ပါတယ်။

Ko Ko Poe Lay's Facebook 

ဟား ၅ ကောင် အဖွဲ့ထဲမှာ တိုင်းကျော်၊ တိုးကျော်၊ ပိုးလေး၊ ဝိုင်းကျော်၊ ပြည်ကျော်တို့ ပါဝင်ပြီး သူတို့အားလုံးဟာ ညီအစ်ကို အရင်းတွေလိုမျိုး တူညီတဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေခဲ့ကြတာဖြစ်ပါတယ်။

Ko Ko Poe Lay's Facebook 

ဟား ၅ ကောင်အဖွဲ့ဝင်တွေအားလုံးဟာ မိသားစုကိုပစ်ပြီး လွတ်မြောက်နယ်မြေမှာ ခက်ခက်ခဲခဲ လှုပ်ရှားနေထိုင်ခဲ့ရပေမယ့်လည်း တစ်ခါတစ်ရံမှာတော့ ပရိသတ်တွေ ပျော်ရွှင်အောင် ဟာသလေးတွေ ဖန်တီးပေးတတ်ကြပါသေးတယ်။

ဟား ၅ ကောင်အဖွဲ့ထဲက လူရွှင်တော် ပိုးလေးဟာဆိုရင်လည်း မိန်းမနဲ့ကလေးနဲ့ ခွာခွဲနေခဲ့ရတာ ၂ နှစ်ကျော်တောင် ကြာသွားခဲ့ပြီပဲဖြစ်ပါတယ်။

Ko Ko Poe Lay's Facebook 

ဒီကနေ့မှာတော့ ပိုးလေးက သူချစ်ပြီး တန်ဖိုးထားရတဲ့ မိန်းမနဲ့ ကလေးကို လွတ်မြောက်နယ်မြေကို ခေါ်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်းကို ဓာတ်ပုံလေးနဲ့တကွ တင်ပေးလာခဲ့ပါတယ်။

ချစ်ရတဲ့ မိသားစုလေးနဲ့ အတူတူ နေနိုင်သွားတော့မယ့် လူရွှင်တော် ပိုးလေးရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။

Ko Ko Poe Lay's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။