တောင်ကိုရီးယားသရုပ်ဆောင် Jung Da Bin ဟာဆိုရင် ချစ်ဖို့ကောင်းတဲ့ အမူအရာလေးနဲ့ ပုံစံလေးကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ Jung Da Bin ဟာ အသက် ၅ နှစ်အရွယ်ကတည်းက သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့သူဖြစ်ပြီး သူမကို ပရိသတ်တွေ စတင် သတိထားမိခဲ့တဲ့ ဇာတ်လမ်းတွဲက Wonderful Life ဆိုတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ Jung Da Bin က မင်းသမီး Eugene ရဲ့ သမီးနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ပါးဖောင်းဖောင်းလေးနဲ့ မျက်နှာလုံးလုံးလေးကြောင့် Jung Da Bin ကို နတ်သမီးသေးသေးလေးလို့တောင် တင်စားခေါ်ဝေါ်ခဲ့ပါတယ်။

Google

Jung Da Bin ဟာ ကလေး သရုပ်ဆောင်လေးအဖြစ် ပွဲဦးထွက် အောင်မြင်ခဲ့တာကြောင့် နောက်ဆက်တွဲ ပရောဂျက်တွေ အများကြီးကို လက်ခံရရှိခဲ့ပါတယ်။ Jung Da Bin ဟာ “I Really Really Like You”, “Iljimae”, “Life Is Beautiful”, “She Was Pretty” ဇာတ်လမ်းတွဲအပြင် အခြား ဇာတ်လမ်းတွဲတွေ များစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Google
Google

၂၀၀၈ ခုနှစ်တုန်းကဆို တစ်နှစ်တည်းမှာ Jung Da Bin ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေက ၄ ကားအထိတောင်ရှိပါတယ်။ ပရိသတ်တွေက ချစ်ကြလွန်းလို့ Jung Da Bin ကို the nation’s daughter လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတွေကလည်း သူတို့ ရင်သွေးလေးတွေ မွေးလာခဲ့ရင် Jung Da Bin လိုမျိုး ကလေးလေး မွေးလာဖို့အထိ ဆုတောင်းခဲ့ကြပါတယ်။

Google
Google

Jang Da Bin က လူကြီးသရုပ်ဆောင်ထက် ကလေးသရုပ်ဆောင် ဘဝ မှာ ပိုပြီးအောင်မြင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် Jung Da Bin ရဲ့ အသက်က ၂၂ နှစ်အရွယ်ရှိသွားပြီပဲဖြစ်ပါတယ်။ Jung Da Bin က အသက် ၂၂ နှစ်အရွယ်မှာ သရုပ်ဆောင်အလုပ်တွေ မလုပ်တော့ဘဲ ကိုယ်ပိုင်ဘဝလေးအတွက်သာ အချိန်ပေးဖြစ်နေခဲ့ပါတယ်။

Google
Google

Jung Da Bin က သူမရဲ့ တစ်နေ့တာ လှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြဲ တင်ပေးလေ့ရှိပါတယ်။ ငယ်ငယ်တုန်းက Jung Da Bin ရဲ့ ဇာတ်လမ်းတွဲတွေကို ကြည့်ခဲ့ဖူးတဲ့ သူတွေကတော့ Jung Da Bin လေး ဘယ်လောက် လှပြီး အရွယ် ရောက်လာ ရောက်လာ မျက်လုံးထဲမှာ ကလေးလေးလိုမျိုးပဲ မြင်နေကြပါတယ်။

Google

တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပေမယ့် အရွယ်ရောက်လာတဲ့အခါမှာ အောင်မြင်မှု အရမ်းကြီး မရခဲ့တဲ့ တောင်ကိုရီးယား ကလေး သရုပ်ဆောင်လေး Jung Da Bin ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။