တောင်ကိုရီးယားမင်းသား Park Seong Hoon နဲ့ မင်းသမီး Ryu Hyun Kyung တို့ဟာ တွဲနေတာ ၆ နှစ်ကြာသွားပေမယ့် သူတို့တွဲနေကြတယ်ဆိုတာ လူအများစု မသိကြပါဘူး။ မင်းသား Park Seong Hoon နဲ့ မင်းသမီး Ryu Hyun Kyung တို့က တရားဝင်တွဲနေကြတဲ့အကြောင်းကို ၂၀၁၇ ခုနှစ်က ကြေညာခဲ့တာဖြစ်ပါတယ်။ 

Google
Google

သူတို့နှစ်ဦးက လက်ရှိအချိန်အထိလည်း ဆက်ဆံရေး အဆင်ပြေပြေရှိပေမယ့် လူမြင်ကွင်းမှာ ပုံတွေတွဲပြီးတင်လေ့တင်ထမရှိတာကြောင့် ပရိသတ်တွေက သူတို့နှစ်ဦးတွဲနေတာကို မသိကြပါဘူး။  သူတို့နှစ်ဦးက တိုက်ရိုက်lovestagram တွေ သုံးလေ့သုံးထမရှိဘဲ ကိုယ်ပိုင် SNS ID ကိုသာ အသုံးပြုတယ်လို့ သိရပါတယ်။ Park Seong Hoon က သူ့ရဲ့ အင်စတာဂရမ်အကောင့် ID နာမည်ကို boxabum လို့ ပေးထားတယ်လို့ သိရပါတယ်။ Box က Park Seong Hoon ရဲ့ ခွေးလေးနာမည်ဖြစ်ပါတယ်။ မင်းသမီး Ryu Hyun Kyung ရဲ့ အင်စတာဂရမ် ID နာမည်ကလည်းboxumum ဖြစ်ပါတယ်။ အဓိပ္ပါယ်က Box ရဲ့ အမေလို့ သိရပါတယ်။ သူတို့နှစ်ယောက်စလုံးက သင်္ကေတအနေနဲ့ID နံပါတ်လေးတွေကို အသုံးပြုထားပြီး အချစ်တွေကို သင်္ကေတလေးတစ်ခု အနေနဲ့ ဖော်ပြထားကြတာဖြစ်ပါတယ်။ 

Google
Google
Google

တောင်ကိုရီးယားမင်းသား Park Seung Hoon နဲ့ မင်းသမီး Ryu Hyun Kyung တို့က ၂၀၁၆ ခုနှစ်မှာ Almost, Maine ပြဇာတ်မှာ အတူတွဲပြီး သရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

Google

 သူတို့နှစ်ဦးက အရမ်းကို ချစ်ကြပြီး လက်ရှိအချိန်အထိလည်း တွဲနေကြတုန်းပဲ ဖြစ်ပါတယ်။ အရမ်းကို ချစ်ကြပေမယ့် လူတွေ သိပ်မသိကြသေးတဲ့ တောင်ကိုရီးယား နာမည်ကြီး သရုပ်ဆောင် နှစ်ဦး အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။