တောင်ကိုရီးယားမင်းသား Lee Seo-won ဟာဆိုရင် Uncontrollably Fond ဇာတ်လမ်းမှာ Suzy ရဲ့မောင်လေးလုပ်ရင်း ပရိသတ်တွေရဲ့ အားပေးမှု တခဲနက် ရရှိခဲ့တဲ့သူဖြစ်ပါတယ်။

Google

 Lee Seo-won က The Liar and his Lover ဇာတ်လမ်းမှာလည်း အရံသရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ဖူးပြီး ပရိသတ်တွေရဲ့ အာရုံစိုက်မှု အများကြီး ရရှိခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရည် ချောမောတဲ့ အပြင် သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်လွန်းတာကြောင့် Lee Seo-won ကိုဒါရိုက်တာကြီး Kim Jin Min ကိုယ်တိုင်က နောင်တစ်ခေတ်ရဲ့ ပတ်ဘိုဂန်း အသေးစားလေး ၊ လီဂျွန်ကီ အသေးစားလေးလို့တင်စားခေါ် ဝေါ်ခဲ့တာ ဖြစ်ပါတယ်။  

Google
Google

ဒါပေမယ့်လည်း  ၂၀၁၈ ခုနှစ် ၊ မေလ ၁၆ ရက်နေ့မှာ ထွက်ရှိလာတဲ့ သတင်းတွေအရ Lee Seo-won ဟာအနုပညာလောကထဲက အမျိုးသမီး တစ်ယောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်ဖို့ ကြံရွယ်ခဲ့တယ်လို့ သိရပါတယ်။ 

Google

အာဏာပိုင်တွေရဲ့ အဆိုအရ Lee Seo-won က အရက်မူးနေပြီး အဆိုပါအမျိုးသမီးကို အနမ်းပေးကာ ကိုယ်ထိလက်ရောက် ကျူးလွန်ဖို့ ကြံရွယ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါအမျိုးသမီးက ငြင်းဆန်ခဲ့ပြီး သူမရဲ့ချစ်သူ ကောင်လေးဆီကို ဆက်သွယ်ဖို့ ကြိုးစားခဲ့တာကြောင့် Lee Seo-won ကဓားနဲ့ ထိုး ဖို့ရွယ်ခဲ့တာလို့ သိရပါတယ်။ 

Google

Lee Seo-won က သူကိုယ်တိုင် အမှုရင်ဆိုင်နေရတဲ့ အကြောင်းကို ရိုက်ကူးရေးအဖွဲ့ဆီကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိဘဲ ဘာမှ မဖြစ်သလို တိတ်ဆိတ်နေကာ About Time ဒရမ်မာကိုပါ ဆက်လက်ရိုက်ကူးနေခဲ့တယ်လို့ သိရပါတယ်။ 

Google

သတင်းတွေ တရားဝင် ထွက်ရှိလာပြီးနောက်မှာတော့ Lee Seo-won ကို About Time ဇာတ်လမ်းတွဲကနေ ထုတ်ခဲ့ပြီး Lee Seo-won နေရာမှာ အခြားတစ်ယောက်ကို အစားထိုး ရိုက်ကူးခဲ့ပါတယ်။ တရားစွဲဆိုမှု အပြီးမှာ Lee Seo-won က ထောင် ဒဏ် ၁ နှစ်ကျခံခဲ့ရပြီး အနုပညာ လှုပ်ရှားမှုကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းကLee Seo-won  ရဲ့ အသက်က ၂၁ နှစ်ပဲ ရှိပါသေးတယ်။ 

Google

Lee Seo-won ဟာ တက်လမ်းတွေ အများကြီး ရှိပါလျက် ငယ်ရွယ်နေတဲ့ အချိန်မှာ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ဘဲ တဇွတ်ထိုး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ Lee Seo-won တစ်ယောက် အနုပညာလောကထဲကနေ အနားယူခဲ့တဲ့ အချိန်မှာ နှမြောခဲ့ကြသူတွေလည်း အများကြီးပဲ ဖြစ်ပါတယ်။ 

Google

Lee Seo-won က လက်ရှိမှာ အသက် ၂၅ နှစ်အရွယ် ရှိနေပြီပဲ ဖြစ်ပါတယ်။ အနုပညာလမ်းကြောင်း ပေါ်ရောက်ရှိပြီး ၃ နှစ်အကြာမှာပဲ  ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ပျက်ရရှိသွားခဲ့တဲ့ တောင်ကိုရီးယားမင်းသား Lee Seo-won ရဲ့အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။