အဆိုတော်နိုင်းဝမ်းဟာဆိုရင် စလုံးချစ်သူ သီချင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ နိုင်းဝမ်းဟာ Rap သီချင်းကောင်းတွေကို သီဆိုနိုင်တဲ့ သူဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်နေရာ ရရှိထားတဲ့ သူလည်း ဖြစ်ပါတယ်။

ချစ်ဇနီးလေးနဲ့အတူ ဘေထုပ်ဆိုင်ကြီး ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့အဆိုတော်နိုင်းဝမ်း

အဆိုတော် နိုင်းဝမ်းဟာ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်ပြီး မလုပ်တော့ဘဲ ချစ်ရတဲ့ ဇနီးလေးနဲ့အတူ ဘေထုပ်ဆိုင် အကြီးကြီး ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။ ဘေထုတ်အထည်တွေကို နိုင်းဝမ်းက ဂျပန်နိုင်ငံ တိုကျိမြို့ကနေ တိုက်ရိုက်ဝယ်တယ်လို့ သိရပြီး အထည်တွေအားလုံးကို ပိုးသတ်ထားပြီးဖြစ်တာကြောင့် ယုံကြည်စိတ်ချစွာ ဝတ်နိုင်တယ်လို့ ဆိုထားပါတယ်။

ချစ်ဇနီးလေးနဲ့အတူ ဘေထုပ်ဆိုင်ကြီး ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့အဆိုတော်နိုင်းဝမ်း

နိုင်းဝမ်း ဖွင့်လှစ်ထားတဲ့ ဘေထုတ်ဆိုင်ရဲ့ နာမည်က “Big Pack Clothing” ဖြစ်ပြီး ဇနီးဖြစ်သူ က ဆိုင်ကို ဦးဆောင်ဖွင့်လှစ်ချင်တယ်လို့ ဆိုတာကြောင့် အခုလိုမျိုး ဖွင့်လှစ်ပေးခဲ့တာလို့ နိုင်းဝမ်းကဆိုပါတယ်။ အရည်အသွေးအကောင်းဆုံး အထည်အမျိုးအစားတွေကိုသာ အသုံးပြုထားပြီး အထည်တွေရဲ့ ဈေးနှုန်းက တစ်ထည်ကို ၁၀၀၀ ၊ ၂၀၀၀ ၊ ၃၀၀၀ နှုန်းသာရှိတယ်လို့ သိရပါတယ်။ ဆိုင်က အထည်များကို လက်လီတစ်ထည်ချင်း ဝယ်ယူရရှိနိုင်သလို အများဈေးနဲ့ ပြန်ပြီး ရောင်းချချင်တဲ့သူတွေကိုလည်း ကြိုဆိုကြောင်း အဆိုတော် နိုင်းဝမ်က ပြောပါတယ်။ လက်ရှိမှာဆိုရင် အဆိုတော်နိုင်းဝမ်းနဲ့ သူ့ဇနီးဖြစ်သူတို့က အထည်တွေကို အွန်လိုင်းပေါ်မှာ live လွှင့်ပြီးပါ ရောင်းချလျက်ရှိပါတယ်။

ချစ်ဇနီးလေးနဲ့အတူ ဘေထုပ်ဆိုင်ကြီး ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့အဆိုတော်နိုင်းဝမ်း
ချစ်ဇနီးလေးနဲ့အတူ ဘေထုပ်ဆိုင်ကြီး ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့အဆိုတော်နိုင်းဝမ်း
ချစ်ဇနီးလေးနဲ့အတူ ဘေထုပ်ဆိုင်ကြီး ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့အဆိုတော်နိုင်းဝမ်း
ချစ်ဇနီးလေးနဲ့အတူ ဘေထုပ်ဆိုင်ကြီး ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့အဆိုတော်နိုင်းဝမ်း
ချစ်ဇနီးလေးနဲ့အတူ ဘေထုပ်ဆိုင်ကြီး ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့အဆိုတော်နိုင်းဝမ်း
ချစ်ဇနီးလေးနဲ့အတူ ဘေထုပ်ဆိုင်ကြီး ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့အဆိုတော်နိုင်းဝမ်း

ဆိုင်ဖွင့်ဖွင့်ချင်းမှာပဲ နိုင်းဝမ်းရဲ့ အထည်ဆိုင်က လူမှုကွန်ရက် စာမျက်နှာပေါ်မှာ နာမည်ကြီးပြီး လာဝယ်တဲ့ သူတွေလည်း အမြောက်အမြားရှိခဲ့တယ်လို့ သိရပါတယ်။ တကယ်လို့ သင်လည်း အဆိုတော် နိုင်းဝမ်းရဲ့ အထည်ဆိုင်ကို စိတ်ဝင်စားလို့ သွားရောက်လေ့လာချင်တယ်ဆိုရင် မြောက်ဒဂုံမြို့နယ်၊ မဟာဗန္ဒုလလမ်း(မန္တလေးလမ်း)၊ မန္တလေးဈေးအနီး၊ အမှတ် ၁၈၉ မှာ မနက် ၉နာရီမှ ည ၉နာရီအတွင်း သွားရောက်ဝယ်ယူနိုင်ပါတယ်နော်။

ချစ်ဇနီးလေးနဲ့အတူ ဘေထုပ်ဆိုင်ကြီး ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့အဆိုတော်နိုင်းဝမ်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။