တောင်ကိုရီးယားမင်းသား ပတ်ဘိုဂန်းဟာဆိုရင် အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး ချောမောလှပတဲ့ ရုပ်ရည်လေးကြောင့် ပရိသတ်တွေရဲ့ တန်းတန်းစွဲ ချစ်ခင်အားပေးခြင်းကို ခံထားရတာဖြစ်ပါတယ်။ ကလေးဘဝအရွယ်ကတည်းက ပရိသတ်တွေရဲ့ အားပေးခြင်းကို ခံခဲ့ရတဲ့ ပတ်ဘိုဂန်းဟာ သရုပ်ဆောင်လည်း အရမ်းတော်တဲ့ သူဖြစ်ပါတယ်။


ပတ်ဘိုဂန်းက စိတ်သဘောထားလည်း အရမ်းကောင်းတဲ့သူဖြစ်ပြီး အလှူအတန်း ရက်ရောတဲ့သူလည်း ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ပတ်ဘိုဂန်းက ပျောက်ဆုံးနေတဲ့ ၂ နှစ်အရွယ်ကောင်လေး Mo Young Kwang ကို ဝိုင်းဝန်းပြီး ကူညီရှာဖွေပေးနေပါတယ်။ ၂ နှစ်အရွယ် ကောင်လေး Mo Young Kwang ပျောက်ဆုံးနေတာဟာ ပြန်ပေးအဆွဲခံရလို့ဆိုပြီးတော့လည်း ယူဆထားကြပါတယ်။ ကလေးငယ်လေးကို အမြန်ဆုံး ပြန်လည်ရှာတွေ့နိုင်ဖို့ မိဘတွေ ဒုက္ခများနေတဲ့ အချိန်မှာ ပတ်ဘိုဂန်းက အခုလိုမျိုး ကူညီရှာဖွေပေးနေတာလို့ သိရပါတယ်။

ပြန်ပေးအဆွဲခံရတဲ့ ၂ နှစ်သားအရွယ် ကောင်လေးကို ကူညီပြီး ရှာဖွေပေးနေတဲ့ ပတ်ဘိုဂန်းရဲ့ သတင်းဟာ လက်ရှိမှာ Netizen တွေရဲ့ အာရုံစိုက်မှုကို ရရှိနေပါတယ်။

ပတ်ဘိုဂန်းဘက်က ပျောက်ဆုံးနေတဲ့ ကောင်လေးကို ကူညီပြီး ရှာဖွေပေးခဲ့တာကြောင့် ကလေးငယ်လေးရဲ့ သတင်းဟာ တောင်ကိုရီးယားမှာ လူစိတ်ဝင်စားမှု များပြားလျက်ရှိပါတယ်။
22.07.16 ||
— 박보검 ParkBoGum FAMILY ? (@parkbogumfamiIy) July 16, 2022
SBS 그것이 알고싶다
(Unanswered Questions)
Bogum helped to announce a missing child who disappeared in Busan named Mo Young Kwang
We encourage everyone to get involved also and spread the word.
God Bless!#ParkBoGum #박보검 #パクボゴムpic.twitter.com/h4N6ZilTbt
ပတ်ဘိုဂန်းရဲ့ အကူအညီနဲ့ အနှေးနဲ့အမြန်ဆိုသလိုပဲ ပျောက်ဆုံးနေတဲ့ ကလေးငယ်လေးကို အမြန်ဆုံး ရှာဖွေတွေ့ရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ရုပ်လေးချောသလောက် စိတ်ထားလေး ကောင်းလွန်းလှတဲ့ တောင်ကိုရီးယားမင်းသား Park Bo Gum ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။