တောင်ကိုရီးယားမင်းသမီး Kim So-yeon ဟာဆိုရင် The Penthouse: War in Life ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက် ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ ကောင်းမွန်ပြည့်စုံတဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့ ပိုင်နိုင်ထိမိလွန်းလှတဲ့ သရုပ်ဆောင် အရည်အချင်းကြောင့် Kim So-yeon ဟာဆိုရင် အသက် ၂၇ နှစ်အရွယ်တည်းနဲ့ Daesang ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ Kim So-yeon ဟာ ပွဲဦးထွက်စဉ်ကတည်း ဗီလိန်တစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့တာကြောင့် သူမကို မုန်းတီးကြတဲ့သူတွေ အများကြီးပဲ ဖြစ်ပါတယ်။

Google

Kim So-yeon ဟာ အပြင်လက်တွေ့ဘဝမှာ ရုပ်ရည်ချောမောလှပပြီး စိတ်ထားကောင်းတဲ့ သူဖြစ်ပေမယ့်လည်း သူမကို ပရိသတ်တွေတော်တော်များများက မုန်းတီးကြပါတယ်။ Kim So-yeon ကို ဘယ်လောက်အထိ မုန်းတီးကြလဲဆိုရင် သူမ အသက် ၂၀ အရွယ်တုန်းက ပြည်သူတွေ အမုန်းဆုံးအနုပညာရှင်တစ်ယောက်အဖြစ်တောင် သတ်မှတ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

Google

Kim So-yeon ကို လူတွေ အမုန်းဆုံး ဖြစ်ခဲ့တဲ့ အချိန်က ဆည်းဆာရင်ခုန်သံ (All About Eve) ဇာတ်လမ်းထဲမှာ ယွန်းမီ ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တုန်းက ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက သူမကို မုန်းတီးကြလွန်းလို့ သူမရဲ့ ကုမ္ပဏီဖြစ်တဲ့ MBC ကို ဖုန်းတွေဆက်ပြီး ဆဲဆိုကြတဲ့ အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်တုန်းက Kim So-yeon ရဲ့ အသက်က ၂၁ နှစ်အရွယ်ပဲ ရှိပါသေးတယ်။

Google

အသက် ၂၁ နှစ်အရွယ် ၊ အရွယ်ကောင်းလေးမှာ တစ်တိုင်းပြည်လုံးက ဝိုင်းပြီး အမုန်းခံရတာကလည်း Kim So-yeon အတွက် ကြီးမားလွန်းတဲ့ စိန်ခေါ်မှုကြီး တစ်ခုဖြစ်နေမှာပါ။ Kim So-yeon ကို မုန်းတဲ့အထဲမှာ တောင်ကိုရီးယား စစ်သားတွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယား စစ်သားတွေကပါ သူမကို မုန်းတီးခဲ့တယ်ဆိုတာကို သိခဲ့ရတဲ့အတွက် Kim So-yeon ကိုယ်တိုင်လည်း များစွာ အံ့သြ တုန်လှုပ် ခဲ့ရတယ်လို့ အင်တာဗျူးတစ်ခုမှာ ဆိုထားပါတယ်။

Google
Google

Kim So-yeon ဟာ လက်တွေ့ဘဝမှာတော့ အရမ်းကို ချစ်ဖို့ကောင်းပြီး အမြဲတမ်းရယ်နေတဲ့ သဘောကောင်းတဲ့သူဖြစ်ပါတယ်။

Google

နောက်ထပ် နှစ်ပေါင်း ၂၀ ကြာတဲ့အချိန်မှာ Kim So-yeon ဟာ ဗီလိန်ဇာတ်ကောင်နေရာကနေ ထပ်မံ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ ထူးထူးခြားခြားနဲ့ Kim So-yeon တစ်ယောက် ပရိသတ်တွေဆီကနေ အချစ်တွေ ရရှိခဲ့ပါတယ်။ ပရိသတ်တွေရဲ့ လက်ခံပေးမှုနဲ့ grand prize ကိုပါ ရရှိခဲ့တဲ့ Kim So-yeon ဟာ ဝမ်းသာလွန်းလို့ မျက်ရည်တွေတောင် ကျခဲ့ရတယ်လို့ သိရပါတယ်။

Google

Kim So-yeon ဟာ ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရုံသာမက Gyeongseong မှာ ရှိတဲ့ အကောင်းဆုံး စားသောက်ဆိုင်ကြီးရဲ့ ပိုင်ရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာသာမက စီးပွားရေးမှာပါ အချက်ကျကျဆောင်ရွက်နိုင်တဲ့ Kim So-yeon ရဲ့ အရည်အချင်းက တကယ်ကို အံ့သြဖို့ကောင်းလှပါတယ်နော်။

Google

ဗီလိန်သရုပ်ဆောင်အဖြစ်နဲ့ ပရိသတ်တွေရဲ့ မုန်းတီးမှုကို ခံခဲ့ရပြီး ဗီလိန်သရုပ်ဆောင် အဖြစ်နဲ့ပဲ ပရိသတ်တွေရဲ့ အချစ်တော် တစ်ယောက် ဖြစ်လာခဲ့တဲ့ တောင်ကိုရီးယားမင်းသမီး Kim So-yeon ရဲ့ အကြောင်းလေးကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။