တောင်ကိုရီးယားနိုင်ငံမှာဆိုရင် ရုပ်ရှင်ဇာတ်လမ်းတွဲ အကြီးကြီးတွေကို ရိုက်ကူးဖို့အတွက် လက်ခံမိရင် မင်းသားမင်းသမီးတွေ သရုပ်ဆောင်တွေက အရမ်းကို ပင်ပန်းကြပါတယ်။ ပင်ပန်းကြလွန်းလို့ လမ်းတစ်ဝက်မှာ ဆက်ပြီး မရိုက်နိုင်တော့ဘဲ ရိုက်ကူးရေး ရပ်နားခဲ့တဲ့ အထိ တောင် ဖြစ်ဖူးကြပါတယ်။ တချို့သရုပ်ဆောင်တွေကြတော့လည်း ကျန်းမာရေး မကောင်းဘဲနဲ့ရိုက်ကူးမိရင်း ဇာတ်လမ်းတစ်ဝက်မှာတင် အသက် သေဆုံးသွားတာတွေ ဖြစ်ခဲ့ကြပါတယ်။ အခုတစ်ခေါက်မှာလည်း ကင်ဆာရောဂါ ခံစားနေရပေမယ့် အလုပ်တွေ မနားတမ်းလုပ်ခဲ့ပြီး လောကကြီးကို နှုတ်ဆက်သွားတဲ့ တောင်ကိုရီးယား မင်းသမီးကြီး ၂ ယောက် အကြောင်း ဖော်ပြပေးသွားပါမယ်နော်။

Google

Kim Young-ae

Google

တောင်ကိုရီးယား မင်းသမီးကြီး Kim Young-ae ဟာဆိုရင် ပန်ကရိယကင်ဆာနဲ့၂၀၁၇ ခုနှစ်မှာ ဆုံးပါးခဲ့တာဖြစ်ပါတယ်။ ဆုံးပါးသွားချိန်မှာ Kim Young-ae ရဲ့ အသက်က ၆၁ နှစ် အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။ Kim Young-ae ဟာ ဆိုရင် KBS သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဒရမ်မာဖြစ်တဲ့ The Gentlemen Of Wolgyesu Tailor Shop ထုတ်လွှင့်ပြသအပြီး လပိုင်းအကြာမှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ အဆိုပါဇာတ်ကား ရိုက်ကူးပြီးပြီးချင်းမှာ မင်းသမီးကြီး Kim Young-ae က ၄ လကြာဆေးရုံတက်ခဲ့ရပါတယ်။

Google

အဲဒီအချိန်မှာပဲ ကင်ဆာရောဂါရှိနေပြီဆိုတာ သိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Kim Young-ae က နေမကောင်းဖြစ်နေပေမယ့် သရုပ်ဆောင်နေရင် နေရထိုင်ရတာ သက်တောင့် သက်သာရှိတယ်လို့ ဆိုပါတယ်။ Kim Young-ae က သူမကို လူတွေက အရာအားလုံးကို လွှတ်ချလိုက်ပြီး လေကောင်းလေသန့်ရှိတဲ့ ကျေးလတ်တောရွာဘက်မှာ နေထိုင်ဖို့ ပြောကြပေမယ့် သူမကိုယ်တိုင်က သရုပ်ဆောင် အလုပ်လုပ်ပြီးပဲ အသက်ရှင် နေထိုင်ချင်တာလို့ ဆိုခဲ့ပါတယ်။

Kim Young-ae က ပန်ကရိယကင်ဆာကြောင့် ခွဲစိတ်မှုပြုလုပ်ပြီးနောက် ၂၀၁၂ ခုနှစ်မှာ The Attorney ဆိုတဲ့ ဇာတ်လမ်းထဲမှာ ပါဝင်ရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းရိုက်ကူးပြီး သိပ်မကြာခင်မှာပဲ ကင်ဆာရောဂါကို ထပ်မံပြီး ပြင်းပြင်းထန်ထန် ခံစားခဲ့ရပါတယ်။

Google

မင်းသမီးကြီး Kim Young-ae ဟာ အနားမယူဘဲ အလုပ်တွေ ဆက်တိုက်လုပ်ရင်းနဲ့ ကင်ဆာရောဂါကြောင့် ကွယ်လွန် ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။ Kim Young-ae က ၁၉၇၁ ခုနှစ်မှာ အနုပညာလှုပ်ရှားမှုတွေ စတင်လုပ်ဆောင်ခဲ့ပြီး နာမည်ကြီးအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲ အများ အပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Kim Ja-ok (October 11, 1951 ~ November 16, 2014)

Google

တောင်ကိုရီးယား မင်းသမီးကြီး Kim Ja-ok ဟာဆိုရင်လည်း မသိတဲ့သူ မရှိလောက်အောင်ကို ဇာတ်လမ်းတွဲတိုင်းမှာ ပါဝင်သရုပ်ဆောင် ဖူးတဲ့သူဖြစ်ပါတယ်။ မင်းသမီးကြီး Kim Ja-ok ဟာ အူမကြီး ကင်ဆာရောဂါ ခံစားခဲ့ရပြီး ၂၀၀၈ ခုနှစ်မှာ ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့သူဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုပြီးတဲ့နောက် တစ်လအကြာမှာပဲ အပြည့်အဝ သက်သာသွားပြီဆိုပြီး ဇာတ်လမ်းတွဲတွေ ပြန်လည်ရိုက်ကူးခဲ့ပါတယ်။ ဒါပေမယ့် ကင်ဆာဆဲလ်တွေက အဆုတ်အထိ ပျံ့နှံ့သွားခဲ့တယ်လို့ သိရပါတယ်။ မင်းသမီးကြီး Kim Ja-ok ဟာ အူမကြီး ကင်ဆာရောဂါ ကို အရင်ဆုံး ခံစားခဲ့ရပေမယ့် အဆုတ်ကင်ဆာရောဂါကြောင့် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ မင်းသမီးကြီး Kim Ja-ok ဟာ ၂၀၁၄ ခုနှစ် အသက် ၆၃ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Google

တစ်ခေတ်တစ်ခါက နာမည်ကြီးအောင်မြင်ခဲ့ပြီး ဇာတ်လမ်းတွဲတိုင်း လိုလိုမှာ ပါဝင်ခဲ့ပေမယ့် ကင်ဆာရောဂါရဲ့ သားကောင်တွေ ဖြစ်ခဲ့ကြတဲ့ မင်းသမီး ၂ ယောက်အကြောင်းကို မသိသေးတဲ့ ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။