ပြီးခဲ့သည့်လ ၂၉ရက်နေ့က ထွက်ရှိခဲ့တဲ့ "Extraordinary Attorney Woo" ဇာတ်ကားဟာ Autism ရောဂါဖြင့် အမှုအခင်းအမျိုးမျိုးကို ဖြေရှင်းပေးနေတဲ့ ရှေ့နေမလေး Woo Young-woo ရဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ ENA ရဲ့ဒရာမာအမျိုးအစား "Extraordinary Attorney Woo" က Netflix ရဲ့ အင်္ဂလိပ်စကားပြောမဟုတ်တဲ့ TV Show အမျိုးအစားမှာ နှစ်ပတ်ဆက်တိုက် ထိပ်ဆုံးမှရပ်တည်နေပါတယ်။

တရုတ်နိုင်ငံမှာ Netflix တရားဝင် ဝန်ဆောင်မှု မရှိပေမယ့်လည်း အင်တာနက်အသုံးပြုသူတွေက K-drama ကိုတရားမဝင်ကြည့်ရှုနေပါတယ်။ “Squid Game” နှင့် “Hellbound” တို့လို ဒရာမာဇာတ်လမ်းတွဲများကို တရားမဝင်ဒေါင်းလုဒ်လုပ်ခြင်းဟာလည်း ယမန်နှစ်တည်းက ပျံ့နှံ့ခဲ့ပါတယ်။ တရုတ်ရဲ့ အကြီးဆုံးအကြောင်းအရာပြန်လည်သုံးသပ်ခြင်းဆိုက် Doubanမှာ "Extraordinary Attorney Woo"ဒရာမာကို အမှတ်ပေးနေကြပြီး ဒရာမာအပေါ်သုံးသပ်ချက်အရေအတွက်ဟာလည်း ၂၀,၀၀၀ ကျော်လွန်သွားခဲ့ပါတယ်။

တရုတ်မီဒီယာဆိုက် Sina က "Extraordinary Attorney Woo" ရဲ့ ပုံမှန်မဟုတ်တဲ့ လူကြိုက်များမှုတွေကို ဖော်ပြခဲ့ပြီးတော့ အင်တာနက်သုံးစွဲသူတစ်ဦးမှ ဖန်တီးထားတဲ့ ပရိသတ်အကောင့်တစ်ခုဟာလည်း  ဒရာမာကြည့်ရှုသူ ၃၀,၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံရှိ ပြည်တွင်းနဲ့ ပြည်ပ အွန်လိုင်း ဗီဒီယိုဝန်ဆောင်မှု (OTT) ကုမ္ပဏီများဟာ ပုဂ္ဂလိက စောင့်ကြည့်ရေးစနစ်များကို ဖြေရှင်းချက်အဖြစ် အသုံးပြုနေကြပေမယ့်လည်း တရားမဝင် ဒရာမာအကြောင်းအရာများ ဖြန့်ဝေခြင်းကို နှိမ်နင်းဖို့အတွက်တော့ ခက်ခဲနေကြပါတယ်။

ပရော်ဖက်ဆာ Seo Kyung-deok ကတော့ တရုတ်အာဏာပိုင်တွေဟာ ဒီအဖြစ်အပျက်တွေကို သိပေမယ့် အရေးယူမှုတစ်စုံတစ်ရာမရှိကြောင်းနဲ့ တခြားနိုင်ငံတွေရဲ့ ယဉ်ကျေးမှုကို လေးစားသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။