Winter Sonata ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ တောင်ကိုရီးယားမင်းသား Park Yong Ha ဟာဆိုရင် ၂၀၁၀ခုနှစ် ၊ ဇွန်လ ၃၀ ရက်နေ့ ၊ အသက် ၃၃ နှစ်အရွယ် မှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့တာဖြစ်ပါတယ်။ Park Yong Ha ဟာ ငယ်ရွယ်ပြီး အောင်မြင်မှုတွေရရှိနေတဲ့ အချိန်မှာ သေတမ်းစာတစ်စောင်တောင် မချန်ခဲ့ဘဲအဆုံးစီရင်ခဲ့တာကြောင့် သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပရိသတ် အများအပြားက အံ့ဩတုန်လှုပ် စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ 

Google

Park Yong Ha သေဆုံးမှုဖြစ်ပြီးတဲ့နောက်မှာ မိခင်ကြီး ကိုယ်တိုင်က သားဖြစ်သူလေးရဲ့ ဘဝ အကြောင်းနဲ့ ပတ်သတ်ပြီး စာမျက်နှာ ၂၆၀ ရှိတဲ့ အတ္ထုပ္ပတ္တိလေးတစ်အုပ် ရေးသားထုတ်ဝေခဲ့ပါတယ်။ အတ္ထုပ္ပတ္တိထဲမှာပါတဲ့အကြောင်းအရာတွေအရ Park Yong Ha ဟာ မကွယ်လွန်ခင်မှာ စိတ်ကျရောဂါ ရနေခဲ့တယ်လို့ ထည့်ရေးထားပါတယ်။ ဂျပန် စိတ်ရောဂါ ဆရာဝန်ကြီးရဲ့ အဆိုအရ Park Yong Ha ဟာ အချစ်ကြောင့် အဓိပ္ပါယ် မဲ့တဲ့ ဘဝကြီးကိုဖြတ်သန်းခဲ့ရတယ်လို့ သိရပါတယ်။ 

Google

ပရိသတ်တွေက Park Yong Ha  ရဲ့ အချစ်ရေးကို ရှာဖွေကြည့်လိုက်တဲ့အခါမှာ မင်းသမီး Eugene နဲ့ သမီးရည်းစားတွေ ဖြစ်ခဲ့ကြတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။ Park Yong Ha  နဲ့  Eugene တို့က ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Love You ဇာတ်လမ်းတွဲနဲ့ ချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက Eugene က အရမ်းကို ချောမောလှပပြီးနာမည်ကြီးတဲ့ မင်းသမီး ဖြစ်တာကြောင့် မင်းသားတိုင်းကလည်း သူမကို သဘောကျကြပါတယ်။ အဲဒီထဲမှာမင်းသား Park Yong Ha လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ Park Yong Ha က Eugene ကို ချစ်လွန်းလို့ ဝန်ခံဖို့ကိုတောင် အချိန် တော်တော်လေး ယူခဲ့ရတယ်လို့ သိရပါတယ်။ 

Google

၁၉၉၀ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်တွေတုန်းက တောင်ကိုရီးယားမှာ အိုင်လ်ဒေါတွေ ၊ သရုပ်ဆောင်တွေကို ပရိသတ်တွေက ချိန်းမတွေ့ခိုင်းခဲ့ကြပါဘူး။ ရည်းစားထားတာနဲ့ ပတ်သက်ပြီး စည်းကမ်းချက်တစ်ခုလိုမျိုး အရမ်းကို ကဲ့ရဲ့ခံခဲ့ရတဲ့ စုံတွဲတွေထဲမှာ Park Yong Ha  နဲ့ Eugene တို့လည်း ပဲလှော်ကြား ဆားညပ်ခဲ့ပါတယ်။ 

Google

သူတို့ နှစ်ဦး ချိန်းတွေ့နေတဲ့ ပုံရိပ်တွေဟာ Hacker တစ်ယောက်ကြောင့် ပျံ့နှံ့သွားခဲ့ပါတယ်။ ချိန်းတွေ့တဲ့ သတင်းထွက်လာလာချင်းမှာပဲ ပရိသတ်တွေက လမ်းခွဲကြဖို့ အတင်းတွန်းအားပေးခဲ့ကြပါတယ်။ 

Google

Park Yong Ha  ကတော့ သူ့ရဲ့ ကိုယ်ပိုင်ဘဝဖြစ်တာကြောင့် သူချစ်တဲ့သူကို သူ့ဘာသာ စိတ်ကြိုက် ရွေးချယ်နိုင်တယ်ဆိုပြီး ပရိသတ်တွေနဲ့ ဆန့်ကျင့်ကာ Eugene နဲ့ လုံးဝ လမ်းမခွဲခဲ့ပါဘူး။ ဒါပေမယ့်လည်း ပရိသတ်တွေကမင်းသမီး Eugene ကို ပိုပိုမုန်းတီးလာခဲ့ကြပြီး ခြိမ်းခြောက်မှုတွေပါ ပြုလုပ်လာခဲ့ပါတယ် ။ ကိုယ် အရမ်းချစ်ရတဲ့ကောင်မလေးကို ထိခိုက်ခဲ့တာကြောင့် Park Yong Ha  တစ်ယောက် Eugene ကို ချစ်ရက်နဲ့ လမ်းခွဲပေးခဲ့ရပါတယ်။ 

Google

အချစ်ဆုံးသူကို ဆုံးရှုံးခဲ့ရတဲ့ Park Yong Ha  ဟာ စိတ်ကျရောဂါကို လေးလေးနက်နက် ခံစားခဲ့ရပြီး အရက်ရဲ့ကျေးကျွန် တစ်ယောက် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ Park Yong Ha  ဟာ မူးလာတိုင်းမှာလည်း သူ့ဘဝမှာဘယ်တော့မှ မမေ့နိုင်တဲ့ ကောင်မလေး ရှိခဲ့ဖူးကြောင်း အမြဲ ပြောခဲ့တဲ့ သူဖြစ်တယ်လို့ သိရပါတယ်။

Google

Park Yong Ha  ဟာ အင်တာဗျူးတွေမှာလည်း Love You ဇာတ်လမ်းတွဲအပြီးမှာ ကဗျာဆန်တဲ့ အချစ်ဇာတ်လမ်းလေး တစ်ခု ရှိခဲ့ကြောင်း ၊ မီဒီယာတွေရဲ့ အာရုံစိုက်မှုက သူတို့ နှစ်ဦးရဲ့ အချစ်ရေးကို ခက်ခဲစေခဲ့ကြောင်း ၊ သူတို့နှစ်ဦးလုံး အပြန်အလှန် ချစ်နေကြတယ်ဆိုတဲ့ ခံစားချက်ကို အပြစ်တစ်ခု လိုမျိုး ခံစားခဲ့ရကြောင့် ဒါကြောင့် ချစ်လျက်နဲ့ လမ်းခွဲပေးခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

Google

Park Yong Ha  ဟာ အရမ်းချစ်ရတဲ့ကောင်မလေး Eugene နဲ့ လမ်းခွဲခဲ့ပြီး အချစ်သစ်ကို ထပ်မရှာဘဲ အရှုံးသမားတစ်ယောက်လိုမျိုး ရှင်သန်နေထိုင်ခဲ့ပေမယ့် Eugene ကတော့ မင်းသား Ki Tae Young နဲ့ တွဲခဲ့ပြီး ၂၀၁၁ ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်။

Google
Google
Google

Eugene လက်မထပ်ခင် တစ်နှစ်အလို ၂၀၁၀ ခုနှစ်မှာပဲ Park Yong Ha က လူ့လောကကြီးကို နှုတ်ဆက်ထွက်ခွါသွားတာကြောင့် ချစ်ရသူလေး Eugene ရဲ့ လက်ထပ်ပွဲကို မကြည့်နိုင်တာကြောင့် အဆုံးစီရင်ခဲ့တာလို့ သုံးသပ်ခဲ့ကြသူတွေလည်း ရှိပါတယ်။ 

Google

Park Yong Ha ဆုံးပါသွားပြီးတဲ့နောက်မှာ သူ့ရဲ့ ပရိသတ်တွေက များစွာ ယူကြုံးမရဖြစ်ခဲ့ပြီး အခြားပရိသတ်တွေကို သူတို့လိုမျိုး အဖြစ်ဆိုးနဲ့ မကြုံတွေ့ရစေဖို့ အခုလို တောင်းဆိုခဲ့ကြပါတယ်။

Google

“မင်းရဲ့ idol တွေ ချိန်းတွေ့တာပဲဖြစ်ဖြစ် အဖွဲ့ကနေထွက်ဖို့ ဆုံးဖြတ်တာပဲဖြစ်ဖြစ် မင်းရဲ့ idol တွေကို တတ်နိုင်သမျှချစ်ပေးကြပါ။  ဘယ်လို အခြေအနေမျိုး ဖြစ်လာ ဖြစ်လာ သူတို့ကို ထောက်ခံပေးပါ။  ဘာကြောင့်လဲဆိုတော့အနည်းဆုံး သူတို့ ကအသက်ရှင်နေသေးလို့ပါ။  ငါ့တို့ရဲ့ အိုင်လ်ဒေါကြီးကတော့ ကမ္ဘာပေါ်မှာ မရှိတော့ပါဘူး။" 

Google

စိတ်ကျရောဂါကြောင့် ဆွဲကြိုးချပြီး အဆုံးစီရင်သွားခဲ့တဲ့ မင်းသား Park Yong Ha ရဲ့ နောက်ကွယ်က ဖြစ်ရပ်ကတော့ ရင်ထဲကို နင့်နေအောင်ကို ခံစားရပါတယ်နော်။ လူ့လောကမှာ မရှိရှာတော့တဲ့ တစ်ခေတ်တစ်ခါကလျှမ်းလျှမ်းတောက် မင်းသားတစ်ယောက်အကြောင်းကို စိတ်မကောင်းဖွယ်လေး ဖော်ပြပေးလိုက်ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။