တောင်ကိုရီးယားမင်းသား Ryu Si Won ဟာဆိုရင် တစ်ခေတ်တစ်ခါက အရမ်းကို နာမည်ကြီး အောင်မြင်ခဲ့တဲ့သူဖြစ်ပါတယ်။ ၁၉၈၀ ၊ ၁၉၇၀ ခုနှစ် ဝန်းကျင်တွေမှာ မွေးဖွားခဲ့တဲ့သူဆိုရင် Ryu Si Won ရဲ့ နာမည်ကို သေချာပေါက် မှတ်မိနေကြမှာဖြစ်ပါတယ်။ ယောက်ျားပီသတဲ့ရုပ်ရည်ရယ် တောက်ပနေတဲ့ အပြုံးတွေရယ်ကြောင့် Ryu Si Won ကို “Hallyu Prince” ၊ “Smile Prince” လို့ တင်စားခေါ်ဝေါ်တဲ့ အထိ ဖြစ်ခဲ့ပါတယ်။ Ryu Si Won က နာမည်ကြီးပြီးအောင်မြင်နေတဲ့ ဇာတ်လမ်းတွဲတွေဖြစ်တဲ့ Feelings၊ Beautiful Days နဲ့ Wedding ဇာတ်လမ်းတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ Ryu Si Won က လက်ရှိမှာ အသက် ၅၀ အရွယ် ရှိနေပြီပဲဖြစ်ပါတယ်။ Ryu Si Won ရဲ့ ရွှေရောင်တောက်ပတဲ့နေ့ရက်တွေဟာ အတိတ်ဘဝက လုပ်ခဲ့တဲ့ အမှားတစ်ခုကြောင့် ပြိုလဲပျက်စီးသွားခဲ့ပါတယ်။ဖြစ်စဉ် အကျဉ်းကို ဆက်လက်ပြီး ဖော်ပြပေးသွားပါမယ်နော်။

Google

Ryu Si Won ဟာ ၂၀၁၀ ခုနှစ်မှာ အကသမား Jo Soo In နဲ့ မင်္ဂလာပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Jo Soo In က Ryu Si Won ထက် အသက် ၉ နှစ်ငယ်တဲ့ မိန်းမလှလေး တစ်ယောက်ဖြစ်တာကြောင့် သူတို့ရဲ့ မင်္ဂလာပွဲကို ပရိသတ်တွေက အားကျခဲ့ရပါတယ်။ ဒါပေမယ့်လည်း လက်ထပ်ပြီး ၁၈ လအကြာမှာ Jo Soo In ဟာ တရားရုံးမှာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းဖို့ လျှောက်ထားခဲ့ပါတယ်။

Google

Jo Soo In ဟာ ခင်ပွန်းဖြစ်သူ Ryu Si Won  ကို ဂုဏ်ကျက်သရေ ငြိုးနွမ်းအောင်လုပ်မှုနဲ့ လည်း တရားစွဲဆိုခဲ့ပါသေးတယ်။ စစချင်းမှာ Ryu Si Won က ငြင်းဆန်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် တရားရုံးမှာ ဇနီးဟောင်းဖြစ်သူ ပြသခဲ့တဲ့ မှတ်တမ်းတွေနဲ့ ဒဏ်ရာ ရထားတဲ့ ဓာတ်ပုံတွေက Ryu Si Won  ပြစ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့  သက်သေတွေ ဖြစ်ပေးခဲ့ပါတယ်။

Google

ရလဒ်အနေနဲ့ ဇနီးဟောင်းဖြစ်သူကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၄ သန်း လျော်ကြေးပေးခဲ့ရပါတယ်။

Google

ဇနီးဟောင်းဖြစ်သူနဲ့ ကြီးမားတဲ့ ပဋိပက္ခ ဖြစ်ပြီးနောက်မှာ Ryu Si Won ရဲ့ တဟုန်ထိုးအောင်မြင်နေတဲ့ နာမည် ကျဆင်းသွားခဲ့ရပြီး အနုပညာလောကကနေ ပျောက်ကွယ်သွားခဲ့ရပါတယ်။ ဇနီးဟောင်းဖြစ်သူနဲ့ ကွာရှင်းသွားပြီးနောက်မှာ Ryu Si Won က ဇနီးအသစ်နဲ့ တစ်အိုးတစ်အိမ် ထပ်မံထူထောင်လျက်ရှိတယ်လို့ သိရပါတယ်။

Google

Ryu Si Won က ဇနီးအသစ်နဲ့ ဖေဖော်ဝါရီလ ၊ ၂၀၂၀ ခုနှစ်မှာ လက်ထပ်လိုက်ပြီဖြစ်တဲ့ အကြောင်းကို Huh Young Man’s Food Travel ဆိုတဲ့ တီဗီအစီအစဉ်မှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် Ryu Si Won က ပရော်ဖက်ရှင်နယ်ကားမောင်း ပြိုင်ပွဲဝင် အသင်း ၁၀၆ အတွက် ဒါရိုက်ဘာအဖြစ် ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

Google

ဒါရိုက်ဘာတစ်ယောက်ဆိုပေမယ့် Ryu Si Won က မန်နေဂျာ တစ်ယောက်တာဝန်လည်း ယူရသေးတယ်လို့ သိရပါတယ် ။ အလုပ်အကိုင် အတည်အကျ တစ်ခု ရှိထားတယ်ဆိုပေမယ့်လည်း Ryu Si Won ဟာ အနုပညာလောကမှာ ပရိသတ်တွေ ဘယ်တော့မှ ပြန်ပြီး လက်မခံတော့တဲ့ နာမည်ပျက် စာရင်း အသွင်းခံလိုက်ရပြီပဲဖြစ်ပါတယ်။

Google
Google
Google

တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက် အောင်မြင်မှုတွေရရှိခဲ့ဖူးတဲ့ မင်းသားကြီး Ryu Si Won ရဲ့ အရှက်ကွဲစရာ ဖြစ်ရပ်ဆိုးကြီးအကြောင်းကို မသိသေးတဲ့ ပရိသတ်တွေအတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။