တောင်ကိုရီးယားမင်းသမီး Jang Nara ဟာဆိုရင် နာမည်ကြီးပြီးအောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ Jang Nara ဟာ အသက် ၄၁ နှစ်အရွယ်မှ လက်ထပ်ထားတာဖြစ်လို့ သူမရဲ့ မင်္ဂလာပွဲအကြောင်းကို ပရိသတ်တွေ များစွာက စိတ်ဝင်စားမှု မြင့်တက်လျက်ရှိပါတယ်။

Google

Jang Nara က စတွဲနေခဲ့တဲ့ အချိန်ကစလို့ မင်္ဂလာဆောင်တဲ့အချိန်အထိ ခင်ပွန်းဖြစ်သူရဲ့ ပုံရိပ်တွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ချပြလေ့မရှိပါဘူး။ သူမကိုယ်တိုင်လည်း ခင်ပွန်းဖြစ်သူရဲ့ ပုံရိပ်ကို ချမပြဖို့အတွက် မီဒီယာတွေကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီကနေ့မှာတော့ Jang Nara  ရဲ့ ခင်ပွန်းဖြစ်သူရဲ့ ပုံရိပ်က လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

Google
Google

ဓာတ်ပုံထဲက ဝိုင်းထားတဲ့ အမျိုးသားက Jang Nara ဖြစ်တယ်ဆိုတာကို တောင်ကိုရီးယား သတင်းဌာနတွေ ဘက်ကလည်း အတည်ပြုပေးထားပါတယ်။ ဓာတ်ပုံထွက်လာလာချင်းမှာပဲ Jang Nara   ရဲ့ ခင်ပွန်းဖြစ်သူ ဓာတ်ပုံဟာ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။

Google

Jang Nara ဟာ သူမထက် အသက် ၆ နှစ်ငယ်တဲ့ ခင်ပွန်းဖြစ်သူနဲ့ အခု ဇွန်လ ၂၆ ရက်နေ့ မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ မမ Jang Nara နဲ့ ခင်ပွန်းဖြစ်သူတို့က VIP ဇာတ်လမ်းတွဲ ရိုက်ကူးနေရင်း ချစ်ကြိုက်ခဲ့ကြတာလို့ သိရပါတယ်။

ခင်ပွန်းဖြစ်သူမှ ချက်ပေးထားသော ဟင်းပွဲများနဲ့မမ Jang Nara
Instagram
Instagram

လက်ရှိ မှာ မမ Jang Nara   က ဂရုစိုက်တတ်တဲ့ ခင်ပွန်းဖြစ်သူနဲ့ သာယာပျော်ရွှင်စရာ အိမ်ထောင်ရေးကို ရရှိပိုင်ဆိုင်ထား ပြီပဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။