ဂျပန်နိုင်ငံရဲ့ နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Miura Haruma ရဲ့ ရုပ်အလောင်းကို ကွယ်လွန်ပြီး၂ နှစ်အကြာမှာ ဂူသွင်း သင်္ဂြိုလ်နိုင်ခဲ့ပြီပဲဖြစ်ပါတယ် ။ Miura Haruma ဟာ ၂၀၂၀ ခုနှစ် ဇူလိုင်လမှာ ကွယ်လွန်ဆုံးပါသွားခဲ့တာဖြစ်ပေမယ့် မိဘတွေရဲ့ လောဘကြီးမှုကြောင့် ၂ နှစ်အကြာမှပဲ အရိုးပြာအိုးကို မီးရှို့ ဂူသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

Google

Miura Haruma ဟာ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကား တွေတော်တော်များများမှာလည်း ပါဝင်သရုပ်ဆောင်ဖူးတဲ့သူဖြစ်ပါတယ်။ နာမည်ကြီး ဂျပန် ဇာတ်လမ်းတွေဖြစ်တဲ့  Koizora ၊ Kimi Ni Todoke၊ Last Cinderella နဲ့ Attack On Titan အပါအဝင်အခြား ဇာတ်ကားပေါင်း ၅၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ Miura Haruma ဟာ အသက်ငယ်ငယ်လေးနဲ့ ချမ်းသာကြွယ်ဝနေတဲ့သူလည်း ဖြစ်ပါတယ်။

Google
Google

ရုပ်ရည်ချောမောလွန်းတဲ့အပြင် သရုပ်ဆောင်ပါ ကောင်းလွန်းတာကြောင့် ၃၁ ကြိမ်မြောက် အကယ်ဒမီဆုကိုပါရရှိပိုင်ဆိုင်ခဲ့တဲ့ Miura Haruma ဟာ ကွယ်လွန်သွားခဲ့တဲ့နှစ်မှာတောင် ဇာတ်လမ်းတွေ ထွက်ရှိနေဆဲပဲ ဖြစ်ပါတယ်။ Miura Haruma ရဲ့ သနားစရာ အဖြစ်ဆိုးကို အသေးစိတ်လေး ဖော်ပြပေးသွားပါမယ်နော်။

Google
Google

Miura Haruma ဟာ ဇူလိုင်လ ၂၀၂၀ ခုနှစ်မှာ သူ့ရဲ့ နေအိမ်မှာ ဆွဲကြိုးချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့အချိန်မှာ Miura Haruma ရဲ့ အသက်က ၃၀ နှစ်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီး မင်းသားတစ်ယောက်ဖြစ်တာကြောင့် Miura Haruma သေဆုံးသွားချိန်မှာ ကျန်ခဲ့တဲ့ ပိုင်ဆိုင်မှုတွေက သန်းပေါင်း ရာနဲ့ချီပါတယ်။

Google

Miura Haruma ဟာ ငယ်စဉ်ကတည်းက မိဘတွေရဲ့ စွန့်ပစ်ခြင်းခံခဲ့ရတဲ့သူဖြစ်တာကြောင့် တစ်ကောင်ကြွက် ပုံစံမျိုးနေထိုင်နေတဲ့သူဖြစ်ပါတယ်။ Miura Haruma ရဲ့ ဖခင်က Miura Haruma ကို ကလေးဘဝမှာတင် စွန့်ပစ်သွားခဲ့တာဖြစ်ပါတယ်။ Miura Haruma ရဲ့ မိခင်ကြီးကလည်း ငွေအရမ်းမက်တဲ့ သူလို့ လူသိများပြီး နောက်ယောက်ျားပါ ထပ်ယူထားတာကြောင့် Miura Haruma နဲ့ ဆက်ဆံရေး လုံးဝကို အဆင်မပြေခဲ့တာပါ။ အဆုံးမစီရင်ခင် နောက်တစ်ရက်ကဆို Miura Haruma နဲ့ သူ့မိခင်တို့ ရန်ဖြစ်ခဲ့ကြတယ်ဆိုတဲ့ သတင်းတွေပါ ထွက်ရှိခဲ့ပါတယ်။

Miura Haruma ကွယ်လွန်သွားပြီးနောက်မှာလည်း သူ့မိခင်နဲ့ ပထွေးဖြစ်သူတို့က Miura Haruma ရဲ့ ပိုင်ဆိုင်မှုတွေကို ခွဲဝေယူဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Miura Haruma ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က စွန့်ပစ်သွားခဲ့တဲ့ ဖခင်ကြီး ပြန်ပေါ်လာပြီး သားဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေကို ရယူဖို့ ကြံရွယ်ပါတော့တယ်။

Google

Miura Haruma  သေဆုံးသွားချိန်မှာ ကျန်ခဲ့တဲ့ ပိုင်ဆိုင်မှုက ဂျပန် ငွေ သန်းပေါင်း ၁၀၀ ကျော်ပါတယ်။ များပြားလွန်းလှတဲ့ ငွေကြေးတွေကို Miura Haruma ကွယ်လွန်ပြီးမှ အပြိုင်အဆိုင်လာရောက်လုကြတဲ့ မိဘတွေရဲ့ စိတ်ဓာတ်ကလည်း တော်တော်ကြောက်ဖို့ ကောင်းလှပါတယ်။

Google

အမွေဆက်ခံမှု အရှုပ်အထွေးကြောင့် Miura Haruma ရဲ့ ဈာပနအခမ်းအနားကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ကွယ်လွန် သွားတာကြောင့် နာမည်တပ် ဂူသွင်းခြင်း မပြုလုပ်နိုင်ခဲ့တဲ့ Miura Haruma ရဲ့ အဖြစ်က တော်တော်စိတ်မကောင်းဖို့ ကောင်းလွန်းလှပါတယ်။

Google

အခု ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာတော့ Miura Haruma ရဲ့ကုမ္ပဏီ NHK ဘက်ကနေ Miura Haruma ရဲ့ အရိုးပြာအိုးကို ဂူသွင်း မြုပ်နှံလိုက်ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။ ကုမ္ပဏီဘက်က ဈာပန အခန်းအနားကို လာမယ့် ပရိသတ်တွေကို ပန်းနဲ့လက်ဆောင်တွေပါ မယူလာဖို့အတွက် မှာကြားထားပါတယ်။

Google

Miura Haruma ရဲ့ မိခင်က သားဖြစ်သူရဲ့ ဈာပနကို ကျင်းပခွင့်ရရှိသွားတယ်လို့ သိရပါတယ်။ ဒါကြောင့် ပိုင်ဆိုင်မှုတွေကို Miura Haruma  ရဲ့ မိခင်ကြီး ပိုင်ဆိုင်ရရှိသွားဖို့ များပါတယ်။ Miura Haruma ကို မြုပ်နှံထားတဲ့ နေရာက တိုကျို မြို့မှာရှိတဲ့ Tsukiji Hongan-ji Temple မှာ ဖြစ်တယ်လို့ သိရပါတယ်။

Google

ကွယ်လွန်သွားပေမယ့်လည်း ၂ နှစ်ကြာအောင် ဈာပန အခန်းအနားကို ပြီးမြောက် မဆောင်ရွက်နိုင်ခဲ့တဲ့ သနားစရာ မင်းသားလေး Miura Haruma ရဲ့ အကြောင်းလေးကို စိတ်မကောင်းဖွယ် ဖော်ပြပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။