Sassy Girl Chun-hyang ဇာတ်လမ်းတွဲဟာဆိုရင် ၂၀၀၅ ခုနှစ်က ထွက်ရှိထားတဲ့ အောင်မြင်တဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲရဲ့ ပုံစံက ကျောင်းသားအရွယ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမူအကျင့် အပြု အမူလေးတွေကို အသားပေး ရိုက်ကူးထားတာဖြစ်ပြီး အချစ် ၊ ဟာသ ၊ ဒရမ်မာ ဆန်ဆန် ဇာတ်လမ်းတွဲလေး ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့ပါတယ်။ ဇာတ်လမ်းတစ်ခု နာမည်ကြီးရခြင်း အကြောင်းအရင်းက ဇာတ်လမ်းတွဲထဲမှာ ပါဝင် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေရဲ့ ကြိုးစားအားထုတ်မှုကြောင့်လည်း ပါပါတယ်။ Sassy Girl Chun-hyang ဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မတည့်အတူနေ ကျောင်းသားစုံတွဲလေး လီမုံရုံနဲ့ဆောင်းချန်းယွန်းတို့ စုံတွဲလေးရဲ့ နာမည်ကလည်း အခုအချိန်အထိ နာမည်ကြီးနေဆဲပဲ ဖြစ်ပါတယ်။

Google
Google

ဇာတ်ကောင်လွှမ်းမိုးမှု အရမ်းကြီးတာကြောင့် လီမုံရုံနဲ့ဆောင်းချန်းယွန်းတို့ကို ပြန်ကြည့်တိုင်း ကလေးလေးတွေလို့ပဲ မြင်နေမိနေမယ့် အပြင်လက်တွေက သူတို့ရဲ့ ဘဝကတော့ အသက် ၄၀ ကျော် အရွယ် အိမ်ထောင်တစ်ခုစီနဲ့တောင် ဖြစ်နေကြပါပြီ။

Google
Google

လီမုံရုံအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Jae Hee က လက်ရှိမှာ အသက် ၄၃ နှစ်အရွယ်ဖြစ်နေပါပြီ။ Jae Hee က ၂၀၁၀ ခုနှစ်မှာ ဇနီးဖြစ်သူနဲ့ လက်ထပ်ခဲ့ပြီး ချစ်ဖို့ကောင်းတဲ့ သားဦးလေး တစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပါတယ်။

Google
Google
Google

ဆောင်းချန်းယွန်းနေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး Han Chae-young ကလည်း ခင်ပွန်းဖြစ်သူနဲ့ ၂၀၀၇ ခုနှစ်မှာ လက်ထပ်ထားခဲ့ပြီး သားလေးတစ်ဦး ဖွားမြင်ခဲ့ပါတယ်။

Google

ဇာတ်လမ်းတွဲထဲမှာ သူတို့နှစ်ဦးက အရမ်းကို လိုက်ဖက်မှုရှိပြီး ချစ်ဖို့ကောင်းကြတဲ့ စုံတွဲလေး ဖြစ်ခဲ့ပေမယ့်လည်း အပြင်လက်တွေ့ ဘဝမှာတော့ ကိုယ်ပိုင် ဘဝတစ်ခုစီနဲ့ ဖြစ်နေကြပါပြီ။

Google
Google

တစ်ခေတ်တစ်ခါက ပရိသတ်တွေ အရမ်းကို အားပေးခဲ့ကြတဲ့ ကျောင်းသားစုံတွဲလေး လီမုံရုံနဲ့ ဆောင်းချန်းယွန်းတို့ရဲ့ အပြင် လက်တွေ့ဘဝကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။