Blackpink အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jennie ဟာဆိုရင် အဆိုတော်တစ်ယောက်အဖြစ် ၆ နှစ်ကြာ အခြေချပြီးတဲ့နောက်မှာ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ Jennie ဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် ပထမဦးဆုံးခြေလှမ်းကို ဟောလိဝုဒ်သရုပ်ဆောင် အဖြစ် HBO ရဲ့ Original series “The Idol” နဲ့စတင်သွားမှာ ဖြစ်ပါတယ်။ 

Google 
Google

Jennie ပါဝင် သရုပ်ဆောင်ထားတဲ့ The Idol series ရဲ့ နမူနာဗီဒီယိုကတော့ ယမန်နေ့က ထွက်ရှိလာခဲ့ပါတယ်။ နမူနာဗီဒီယိုထဲမှာလည်း Jennie ရဲ့ အပိုင်းက ထင်ထင်ရှားရှား ပါဝင်နေတာကြောင့် ပရိသတ်တွေက များစွာ အားရနေကြပါတယ်။ 

Google

HBO series ဖြစ်တဲ့ The Idol က Jennie ကြောင့် နာမည်ကြီးလာသလိုပဲ တောင်ကိုရီးယား ပရိသတ်တွေကြားမှာတဟုန်ထိုး လူပြောများနေခဲ့ပါတယ်။ 

Google


နမူနာ ဗီဒီယို ထွက်လာချင်းမှာပဲ “ဒီ HBO ဇာတ်လမ်းကို ကိုရီးယားမှာ ဘယ်လိုကြည့်ရမလဲ ?” “ Jennie က ဒရမ်မာထဲမှာ ပါလာမှာလား?” “Jennie လေး သရုပ်ဆောင်ကောင်းမှာ .. စိတ်လှုပ်ရှားလိုက်တာ“ “Jennie ဘယ်အပိုင်းကသရုပ်ဆောင်ရမှာလဲ သိချင်တယ်..”  “အပိုင်း ၆ မှာ ပါလာမယ်လို့ကြားတယ်.. လှလိုက်တာ ..”  “ဒီကားလေး ကြည့်ချင်လိုက်တာ..” စတဲ့ မှတ်ချက်တွေ အများအပြားပေးထားကြပါတယ်။ 

Instagram 
Google

ကဲ .. ပရိသတ်ကြီးရော Jennie ရဲ့ ဟောလိဝုဒ်ခြေလှမ်းအတွက် ရင်ခုန်စိတ်လှုပ်ရှားနေလား တစ်ခုခုပြောခဲ့ပါဦးနော်။ 

Source- Allkpop

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။