ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ Bella Ranee ကတော့ မနှစ်က နိုဝင်ဘာလက (၉) နှစ်ကျော်တွဲခဲ့တဲ့ ထိုင်းမင်းသား Weir နဲ့ လမ်းခွဲပြီးတဲ့ နောက်ပိုင်းမှာ သူမဟာ အချစ်ရေးနဲ့ပတ်သက်ရင် ဘာသတင်းမှမကြားရအောင်ကို Single ဂုဏ်ပုဒ်ကို ထိန်းသိမ်းထားနိုင်သူလေးဖြစ်ပါတယ်။ သူမရဲ့ ရည်းစားဟောင်းကတော့ မနေ့ကပဲ ချစ်သူအသစ်လေးနဲ့ လက်ထပ်သွားပြီးနောက်မှာ သူမရဲ့အချစ်ရေးကို ပရိသတ်တွေက အရမ်းကို စိတ်ဝင်စားပြီး တူးဖော်ကြည့်ကြပါတော့တယ်။
အဲ့အခါမှာတော့ သူမနဲ့ အတူတူတွဲသရုပ်ဆောင်ခဲ့တဲ့ "Dare To Love " ရုပ်ရှင်ကားထဲက မင်းသားလေး Army Peak နဲ့ တွဲနေတယ်ဆိုပြီး ကောလဟာလတွေ ထွက်နေတာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဇာတ်ကားထဲမှာလည်း "မ နဲ့ မောင် " အတွဲလေးအဖြစ် Chemistry မိနေလွန်းတာကြောင့် ပရိသတ်တွေကလည်း Ship ပေးပြီး တွဲဖို့ကို တိုက်တွန်းခဲ့ကြပေမယ့် အဲ့အချိန်တုန်းက Bella ဘက်ကနေ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ဇူလိုင်လ (၁၄) ရက်နေ့က ဝါတွင်းမှာ ကုသိုလ်တူတူလုပ်နေကြတဲ့ ပုံလေးတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ပုံတွေထဲမှာတော့ ချစ်သူလို ပုံစံမျိုးမတွေ့ရပေမယ့် Bella ကလည်း သူ့မိသားစုနဲ့အတူ လာသလို Peak ကလည်း သူ့အသိမိတ်ဆွေတွေနဲ့ နေရာတစ်ခုတည်းမှာ ကုသိုလ်တွေ အတူတူ ပြုလုပ်နေတာကြောင့် လူတွေက သံသဝင်နေကြတာပါ။ အယုဒ္ဓယ စားသောက်ဆိုင်တစ်ဆိုင်မှာလဲ သူတို့နှစ်ယောက်ကို တွဲပြီးမြင်ခဲ့တာကြောင့် ပရိသတ်တွေက သူတို့ရဲ့သတင်းလေးကို မျှော်လင့်နားစွင့်နေကြတာပဲ ဖြစ်ပါတယ်။
သတင်းအရင်းမြစ်: newsfounded.com
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။