တောင်ကိုရီးယားမင်းသမီး Han Ji-Hye ဟာ Beyond the Clouds ၊ May Queen ၊ Little Bride စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ Han Ji-Hye ဟာ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ အားလုံးကနေ အနားယူ ထားပြီး ချစ်မိသားစုနဲ့ အတူ သာယာလှပတဲ့ အချိန်လေးတွေကို ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။

Google

Han Ji-Hye က လက်ထပ်ထားတာ ၂၀၁၀ ခုနှစ်ကတည်းကဆိုပေမယ့် မင်္ဂလာဆောင်စဉ်ကတည်းက ခင်ပွန်းဖြစ်သူရဲ့ ပုံရိပ်ကို တစ်ခါမှ သေသေချာချာ ထုတ်ဖော်ပြသခဲ့ခြင်း မရှိပါဘူး။ ပရိသတ်တွေကတော့ Han Ji-Hye ရဲ့ မိသာစုရဲ့ အကြောင်းကို အရမ်း စိတ်ဝင်စားကြပြီး ခင်ပွန်းဖြစ်သူ အကြောင်းကိုလည်း သိချင်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ Han Ji-Hye က သူမ ခင်ပွန်းနဲ့ သမီးလေး ဖြစ်သူရဲ့ ပုံရိပ်လေးကို အင်စတာဂရမ် စာမျက်နှာပေါ်ကနေ တစ်ဆင့် ချပြပေးလာခဲ့ပါတယ်။

Google

ဓာတ်ပုံလေးထဲမှာတွေ့ရတဲ့ Han Ji-Hye တို့ မိသားစုလေးက ဇာတ်လမ်းတွဲတစ်ခုရဲ့ Happy Ending လေးလိုမျိုးလေး အရမ်းကို ကြည့်ကောင်းလွန်းလှပါတယ်နော်။

Google
Google
Google

အနုပညာလောကထဲက မဟုတ်ဘဲ အပြင်လောကက ချစ်ရတဲ့သူနဲ့ ရွှေလက်တွဲခဲ့တဲ့ Han Ji-Hye ရဲ့ ဘဝဟာ လူရွေး မှန်ကန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ တောင်ကိုရီးယားမင်းသမီး Han Ji-Hye ရဲ့ ပျော်ရွှင်စရာ မိသားစု ပုံရိပ်လေးကို ပရိသတ်ကြီးအားလုံးအတွက် ဖော်ပြပေးလိုက်ပါတယ်။ 

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။