တောင်ကိုရီးယားမင်းသား Kim Sung Soo ဟာဆိုရင် တစ်ခေတ်တစ်ခါက နာမည်ကြီး အောင်မြင်ခဲ့တဲ့ ချစ်စံအိမ် ဇာတ်လမ်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့တဲ့သူဖြစ်ပါတယ်။

Google

Kim Sung Soo ဟာဆိုရင် သရုပ်ဆောင်ပိုင်းကို ဝါသနာပါလွန်းတာကြောင့် သရုပ်မဆောင်ဘဲ အသက်မရှင်နိုင်ဘူးလို ပြောခဲ့တဲ့သူဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ်မှာ အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာကြောင့် အသက်ကြီးနေပြီဖြစ်ပေမယ့် သူ့ရဲ့ ဇာတ်ရုပ်နေရာအတွက် အကောင်းဆုံး ကြိုးစားနိုင်ခဲ့ပါတယ်။ Kim Sung-soo  ဟာ အသက်အရွယ်အားဖြင့်ကြည့်မယ်ဆိုရင်လည်း အရွယ်တစ်ခုကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် အပြိုင်အဆိုင်တွေကြားမှာ ကြိုးစားရတာ ခက်ခဲခဲ့တယ်လိုသိရပါတယ်။

Google

လူတွေ မသိသေးတဲ့ Kim Sung Soo ရဲ့ နောက်ထပ်တစ်ချက်က မင်္ဂလာဆောင်သွားတာဖြစ်ပါတယ်။

Google

မင်္ဂလာမဆောင်ခင်တုန်းက Kim Sung-soo သူချစ်ရတဲ့ သူနဲ့ လက်ထပ်တော့မယ်ဆိုတဲ့အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပေမယ့်လည်း ကုမ္ပဏီဘက်ကနေ  အတည်မပြုပေးခဲ့ပါဘူး။ ဒါကြောင့် Kim Sung-soo ရဲ့ အကြောင်းကို ရှာလိုက်ရင် လက်ထပ်ထားတယ်ဆိုတဲ့ အကြောင်းက ပျောက်နေပါတယ်။  Kim Sung-soo နဲ့ သူ့ချစ်ရတဲ့ အမျိုးသမီးတို့ဟာ ၁၂ နှစ်တိုင်အောင် ချစ်ကြိုက်ခဲ့ကြပြီး မှ ၂၀၁၁ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာကြောင့် သူတို့ အိမ်ထောင်ရေးက အရမ်းမြဲတယ်လို သိရပါတယ် ။ လက်ရှိမှာဆိုရင် ရင်သွေးလေးတောင် ရရှိပိုင်ဆိုင်ထားပြီဖြစ်တဲ့ Kim Sung-soo ဟာ အနုပညာလှုပ်ရှားမှုတွေ မှာ မတွေ့ရတော့ပါဘူး။

Google
Google

ပရိသတ်တွေကတော့ Kim Sung-soo ကို မှန်သားပြင်ထက်မှာ ထက်ပြီး မြင်တွေ့ချင်သေးတယ်လို တောင်းဆိုထားကြပေမယ့်လည်း Kim Sung-soo ရဲ့ ဇာတ်လမ်းတွေ ထပ်မတွေ့ရတော့တာ ဆယ်စုနှစ်ကျော်ကြာသွားပြီပဲ ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက ချစ်စံအိမ်ဇာတ်လမ်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှု တခဲနက် ရရှိထားခဲ့တဲ့ မင်းသားကြီး Kim Sung-soo အကြောင်းကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။