ပရိသတ်ကြီးရေ တစ်ချိန်တစ်ခါက အွန်စော ၊ ဂျွန်စော ၊ ထယ်ဆောက်တို့ အတွဲညီညီ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ဆောင်းဦးရွက်ကြွေ ချစ်သက်သေ (Autumn in My Heart) ဇာတ်လမ်းလေးကို မှတ်မိကြမှာပါနော်။ ဆောင်းဦးရွက်ကြွေ ချစ်သက်သေဇာတ်လမ်းတွဲဟာ လူကြီး သရုပ်ဆောင်တွေရဲ့ ကျွမ်းကျင်တဲ့ သရုပ်ဆောင်ပိုင်းအရည်အချင်းကြောင့်သာမက ကလေးသရုပ်ဆောင်လေးတွေရဲ့ ဟာကွက်မရှိတဲ့ သရုပ်ဆောင်အရည်အချင်းကြောင့်ပါ တဟုန်ထိုး နာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ 

Google

၂၀၀၀ ခုနှစ်တုန်းက ထုတ်လွှင့်ပြသခဲ့တဲ့ ဇာတ်လမ်းဖြစ်တာကြောင့် ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့သရုပ်ဆောင်တွေဟာလည်း အသက်အရွယ် အပိုင်းအခြားတစ်ခုကို ရောက်ရှိလို့နေပါပြီ။ အဲဒီထဲကမှ ပရိသတ်တွေအားပေးမှု အများကြီး ရရှိခဲ့တဲ့ ဂျွန်စော ငယ်ဘဝက ကလေးသရုပ်ဆောင်လေး Choi Woo-hyuk  ဟာလည်း မမှတ်မိတော့လောက်အောင် ပြောင်းလဲသွားခဲ့ပါပြီ။

Google
Google
Google

Choi Woo-hyuk  က ၁၉၈၅ ခုနှစ်မှာ မွေးဖွားခဲ့တာကြောင့် သူ့ရဲ့အသက်က ၃၆ နှစ်တောင် ရှိနေပြီပဲ ဖြစ်ပါတယ်။ငယ်ဘဝ ပုံရိပ်နဲ့ လုံးဝကို ကွဲထွက်သွားတဲ့ ကလေးသရုပ်ဆောင်လေး Choi Woo-hyuk ဟာ လက်ရှိမှာတော့အနုပညာအလုပ်တွေကနေ အနားယူသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

Google
Google
Google

ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ဇာတ်လမ်းအပြီး အခြား ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုကို ထင်ထားသလောက်မရရှိခဲ့ပါဘူး။ ဒါကြောင့် Choi Woo-hyuk  ဟာ လူကြီးသရုပ်ဆောင်အဖြစ် ခြေလှမ်းလှမ်းခွင့် မရှိတော့ဘဲ အနုပညာလောကကနေ ပျောက်ကွယ်သွားခဲ့ရတာ ဖြစ်ပါတယ်။ 

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။