တောင်ကိုရီးယား မင်းသားကြီး Lee Sang Yoon ဟာဆိုရင် သရုပ်ဆောင်ကောင်းလွန်းရုံသာမက ရုပ်ရည်ရူပကာအားဖြင့်လည်း ပြောစရာမလိုအောင် ချောမောခန့်ညားလွန်းတဲ့ သူဖြစ်ပါတယ်။ Nation’s Husband လို့ တင်စားခေါ်ဝေါ်ရလောက်တဲ့အထိ ပရိသတ်တွေရဲ့ အချစ်ကို ရရှိပိုင်ဆိုင်ထားတဲ့ Lee Sang Yoon ဟာ အချစ်ရေးမှာ ကျွန်းခံနေသလားအောင့်မေ့ရအောင် အခုထိ အိမ်ထောင် မကျသေးပါဘူး။ 

Google

Lee Sang Yoon ဟာ ၁၉၈၁ ခုနှစ်မှာမွေးဖွားခဲ့တဲ့သူဖြစ်တာကြောင့် သူ့ရဲ့အသက်က ၄၁ နှစ်ရှိပြီပဲ ဖြစ်ပါတယ်။Lee Sang Yoon ရဲ့ မျက်နှာက ဒီအတိုင်းကြည့်ရင် အရမ်းမသိသာပေမယ့် အနီးကပ်မြင်တွေ့ရတဲ့ သူတွေအဖို့တော့ နတ်သားလေးလို ရုပ်ထွက်မျိုးလို့ ဆိုကြပါတယ်။ 

Google

Lee Sang Yoon ဟာ တက္ကသိုလ်တက် တုန်းကလည်း တောင်ကိုရီးယားရဲ့ ဟားဗက် လို့ တင်စားခေါ်ဝေါ်ရလောက်တဲ့ အထိ အရမ်းကို တော်တဲ့သူဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အမှတ်အများဆုံး ၄၀၀ ပေးတာကိုLee Sang Yoon က အမှတ် ၃၇၀ ရခဲ့ပါတယ်။ အိုင်ကျူ အနေနဲ့ ကြည့်ရင်လည်း ၁၃၇ အထိ ရှိတယ်လို့ သိရပါတယ်။ အရာရာ ပြည့်စုံနေပြီး အချင်းရော အဆင်းပါ ကောင်းလှတဲ့ Lee Sang Yoon ဟာ အချစ်ရေးမှာတော့ ကျွန်းခံလျက်ရှိပါတယ်။ 

Google

Lee Sang Yoon ချစ်သူအဖြစ် တွဲခဲ့ဖူးတဲ့ ကောင်မလေး ၂ ယောက်တော့ ရှိခဲ့ဖူးပါတယ်။ သူတို့ နှစ်ယောက်က စပိုင်ချစ်သူဇာတ်လမ်းတွဲထဲက မင်းသမီး Nam Sang Mi နဲ့ UEE တို့ ဖြစ်ပါတယ်။

Google

Lee Sang Yoon က Nam Sang Mi နဲ့ Some Day ဇာတ်လမ်း အတူရိုက်နေရင်း ချစ်ကြိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တွဲပြီး ၁ နှစ်အကြာမှာ လူသိရှင်ကြား ပြတ်စဲခဲ့ပါတယ်။ 

Google

၂၀၁၆ ခုနှစ်မှာ အိုင်ဒေါလ် သရုပ်ဆောင်မလေး UEE နဲ့ တွဲခဲ့ပါတယ်။ ဒါပေမယ့်လည်း တွဲပြီး ၉ လအကြာမှာလူသိရှင်ကြား ပြတ်စဲခဲ့ပြန်ပါတယ်။ 

Google

အခုလက်ရှိမှာဆိုရင်လည်း မင်းသားကြီး Lee Sang Yoon ဆီမှာတွဲနေတဲ့ သူမရှိသေးပါဘူး။ အရာအားလုံးပြည့်စုံနေပါလျက် အသက် ၄၀ ကျော်အထိ အချစ်ရေးမှာ ကံခေနေတဲ့ မင်းသားကြီး Lee Sang Yoon အကြောင်းကိုစိတ်ဝင်စားဖွယ်လေး ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။