ဘောလိဝုဒ်နာမည်ကျော် စုံတွဲလေးဖြစ်တဲ့ Katrina Kaif နဲ့ Vicky Kaushal တို့ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ၉ ရက်နေ့တုန်းက လက်ထပ်ခဲ့ကြတဲ့ စုံတွဲလေး ဖြစ်ပါတယ်။ သူတို့ နှစ်ဦးသားက လက်ထပ်ပြီးတဲ့နောက်မှာလည်း လူတိုင်းအားကျရတဲ့ စုံတွဲလေး အဖြစ် ရိုမန့်တစ်တွေ ဆန်နေကြတုန်းပဲဖြစ်ပါတယ်။ 

Google

Katrina က ဆိုရှယ်မီဒီယာ အသုံးပြုရတာ ဝါသနာပါတဲ့သူတစ်ယောက်ဖြစ်ပေမယ့် အခုနောက်ပိုင်းမှာ တစ်နေ့တာလှုပ်ရှားမှု ပုံရိပ်တွေကို လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ သိပ်ပြီး မတင်ဖြစ်တော့ပါဘူး။ Katrina တစ်ယောက်ပျောက်နေတာရဲ့ နောက်ကွယ်မှာ နာမည်ကြီးလာတဲ့ သတင်း ကတော့ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ယမန်နေ့တုန်း က Katrina တစ်ယောက် မွေးနေ့မှာ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ သတင်း ကြေညာမယ်လို့သတင်းဌာနတွေကလည်း အပြိုင်အဆိုင်တင်ခဲ့ကြပါတယ်။ 

Google 

ဒါကြောင့် ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့ Katrina ရဲ့ မွေးနေ့မှာ ဗိုက်ထဲက ရင်သွေးလေးအတွက် အထူးကြေညာချက် ကို စောင့်မျှော်နေကြတဲ့သူတွေ အများကြီးပဲ ဖြစ်ပါတယ်။ 

Google
Google

ရင်သွေးလေးနဲ့ ပတ်သတ်တဲ့ ကြေညာချက် ပြုလုပ်မယ်ဆိုတဲ့ သတင်းကြောင့် မိုးလင်းကတည်းက ဘောလိဝုဒ်မှာKatrina Kaif နဲ့ Vicky တို့နာမည်က ရှာဖွေမှု ထိပ်ဆုံးမှာ ရှိနေခဲ့ပါတယ်။ 

Google

ဒီကနေ့မနက်ပိုင်းမှာတော့ ဇနီးသည်အတွက် မွေးနေ့ပါတီကို မော်ဒိုက်မှာ ဆင်နွှဲဖို့ Vicky က ဇနီးသည်ရဲ့ လက်ကလေးကိုကိုင်ပြီး လေဆိပ်ကို သွားနေတဲ့ ဗီဒီယိုက ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။

ဗီဒီယိုထဲမှာ Katrina က သက်သောင့်သက်သာရှိတဲ့ အင်္ကျီခပ်ပွပွလေး ဝတ်ဆင်ထားပါတယ်။ Vicky ကတော့ ချစ် ဇနီးလေးကို လက်ဆွဲပြီး ပြုံးပျော်နေတာပါပဲနော်။ 

Google
Google

မကြာခင်မှာ မိသားစု ဘဝလေးကို ပိုင်ဆိုင်ရတော့မယ့် ဘောလိဝုဒ် စုံတွဲရဲ့ ပုံရိပ်လေးကို ပရိသတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။