တောင်ကိုရီးယားမင်းသမီး Han Ga In ဟာဆိုရင် အသစ်တစ်ဖန် ပြန်လည် မွေးဖွားနိုင်ခဲ့မယ်ဆိုရင် အိမ်ထောင်မပြုတော့ဘူးလို့ ပြောလာခဲ့ပါတယ်။ ဒီအကြောင်းအရာကို Han Ga In က SBS ရဲ့ Circle House အစီအစဉ်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။ 

Google

တောင်ကိုရီးယားမင်းသမီး Han Ga In က သူမရဲ့ ခင်ပွန်းဖြစ်သူ မင်းသား Yeon Jeong-hoon နဲ့ ၂၀၀၅ ခုနှစ်မှာလက်ထပ်ခဲ့ပြီး သာယာလှပတဲ့ အိမ်ထောင်ရေးလေးကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ အနုပညာရှင် စုံတွဲ နှစ်ယောက် ဖြစ်တာကြောင့် လက်မထပ်ခင်အချိန် မှာလည်း ပြဿနာလေးတွေ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ 

Google

Han Ga In  က အသစ်ပြန်လည်းဖွေးဖွားခဲ့မယ်ဆိုရင် လက်မထပ်တော့ဘဲ တစ်ဦးတည်း အပျိုကြီး ဘဝနဲ့ ပျော်ပျော်ကြီးနေသွားမယ်လို့ ဆိုပါတယ်။ 

Google

Han Ga In ကို ပျော်ရွှင်စရာ အိမ်ထောင်ရေးလေးရှိပါလျက်နဲ့ ဘာလို့ အခုလို ဆုံးဖြတ်ခဲ့ရတာလဲဆိုတာ မေးပြီးတဲ့နောက်မှာတော့ Han Ga In  က အိမ်ထောင်ရှင်မ အဖြစ်သာ ဖြတ်သန်းဖူးတာကြောင့် တစ်ကိုယ်တည်းဘဝနဲ့ဖြတ်သန်းရင် ဘယ်လိုခံစားရလဲ သိချင်တာ ကြောင့်လို့ ဟာသဆန်ဆန်လေး ပြန်ဖြေခဲ့ပါတယ်။ ဒါပေမယ့် အဖြေက ဒီလောက်အထိ မရိုးရှင်ရဘူးဆိုတာတော့ ပရိသတ်တွေက သိကြပါတယ်။ 

Google

အိမ်ထောင်ရှင်မဘဝက လူလွတ်ဘဝနဲ့ ယှဉ်ရင်တော့ မတူညီနိုင်တဲ့ အခက်အခဲတွေ အများကြီး ရှိမှာတော့အသေအချာပဲ ဖြစ်ပါတယ် ။ အပြိုင်အဆိုင်တွေ များလွန်းလှတဲ့ တောင်ကိုရီးယား အနုပညာလောကမှာလည်းအိမ်ထောင်ရှိ အနုပညာရှင်တွေက ချောင်ထိုး ခံရလေ့ရှိတာကြောင့် စိတ်ပိုင်းဆိုင်ရာ အားဖြင့်လည်း အဆင်မပြေမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ 

Google
Google

အခက်အခဲတွေ ရှိပေမယ့်လည်း တောင်ကိုရီးယားမင်းသမီး Han Ga-in ဟာ ခင်ပွန်းဖြစ်သူ Yeon Jeong-hoon နဲ့နာမည်ပျက် လုံးဝ မထွက်ဘဲ နှစ်ပေါင်း  ၁၇ နှစ်ကြာ တိုင်အောင် တည်ငြိမ်တဲ့ အိမ်ထောင်ရေးလေးကို ထူထောင်ထားပါတယ်။ အခုဆိုရင် သူတို့နှစ်ဦးရဲ့သမီးလေးက အသက် ၆ နှစ်အရွယ်တောင် ရှိသွားပြီပဲ ဖြစ်ပါတယ်။ 

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။