၂၀၀၉ ခုနှစ်က နာမည်ကြီး အောင်မြင်ခဲ့တဲ့ F4 ချစ်သူ ( Boys Over Flowers) ဇာတ်လမ်းတွဲရဲ့ F4 အဖွဲ့ဝင်ထဲက ဝူဘင်းအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Kim Joon ဟာဆိုရင် အဆိုတော် တစ်ယောက်ဖြစ်သလို သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်အခိုင်အမာ ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ 

Google
Google

F4 မင်းသားတွေထဲက တစ်ယောက်အဖြစ် လူစိတ်ဝင်စားမှု ခံခံ့ရတဲ့ Kim Joon  ဟာ ကလေး အဖေ တစ်ယောက်ဖြစ်နေပြီး မိန်းမပါရှိနေတယ်ဆိုတာကိုတော့ ဘယ်သူမှ မသိကြပါဘူး။ F4 ဇာတ်လမ်း ရိုက်နေစဉ်တုန်းကတော့Kim Joon  က လူပျိုလူလွတ်ဖြစ်ပေမယ့် ဇာတ်လမ်းအပြီး ၂၀၁၅ ခုနှစ်မှာ လက်ထပ်ခဲ့တာလို့ သိရပါတယ်။မင်္ဂလာပွဲကို ဘယ်သူမှမသိအောင် နှစ်ဦး သဘောတူလောက်ပဲ အကျဉ်းချုံး စီစဉ် ဖြစ်ခဲ့တာကြောင့် လက်ထပ်တာကိုလည်း ဘယ်သူမှ မသိခဲ့ကြတာဖြစ်ပါတယ်။ 

Google

Kim Joon  က အနုပညာလောကထဲ မဝင်ရောက်ခင်ကတည်းက အပြင်လောကက ချစ်သူလေးနဲ့ ၉ နှစ်ကြာမေတ္တာစုံမတ်ခဲ့တာဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာလည်း ဆိုထားပါတယ်။ ချစ်ရသူလေးနဲ့ ၂၀၁၅ ခုနှစ်မှာလက်ထပ်ခဲ့တာကြောင့် အခုဆို Kim Joon  ရဲ့ အိမ်ထောင် သက်တမ်းက ၇ နှစ်တောင် ရှိနေပါပြီ။ 

Google

Kim Joon  က လက်ထပ်ထားသူ ဖြစ်ရုံသာမက သမီးလေးတစ်ယောက်ရဲ့ အဖေလည်း ဖြစ်ပါသေးတယ်။ Kim Joon  ရဲ့ သမီးလေးကလည်း အခုဆိုရင် ၂ နှစ်အရွယ်တောင်ရှိနေပြီပဲ ဖြစ်ပါတယ်။ 

Google

Kim Joon  က ပုဂ္ဂိုလ်ရေးအကြောင်းအရာတွေကို သိပ်ပြီး ထုတ်ဖော်ပြောကြားလေ့ မရှိပေမယ့် မိန်းမနဲ့ ကလေးရှိတဲ့ အကြောင်းကိုတော့ပရိသတ်တွေကို ဖုန်းကွယ်မထားပါဘူး။

Google
Google

 မိန်းမနဲ့ သမီးလေးကို ရရှိပိုင်ဆိုင်ပြီးတဲ့နောက်မှာ  Kim Joon  ကိုအနုပညာ လှုပ်ရှားမှုတွေမှာ သိပ်ပြီး မတွေ့ရတော့ပါဘူး။ တစ်ခေတ်တစ်ခါက နှုတ်ခမ်းနီမလေးတွေ အသဲစွဲ ဖြစ်တဲ့ F4 ရဲ့ ပန်းလေးတစ်ပွင့်အကြောင်းကို မသိသေးတဲ့ ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။