အခုလတ်တလော တောင်ကိုရီးယားနိုင်ငံမှာသာမက ကမ္ဘာတစ်ဝှမ်းမှာ အအောင်မြင်ဆုံး ဇာတ်လမ်းအဖြစ် အသိအမှတ်ပြုခြင်း ခံထားရတဲ့ ဇာတ်လမ်းတွဲကတော့ Extraordinary Attorney Woo ဇာတ်လမ်းပဲဖြစ်ပါတယ်။ Extraordinary Attorney Woo ဇာတ်လမ်းတွဲက ENA ရဲ့ အအောင်မြင်ဆုံး ဇာတ်လမ်းတွဲတွေထဲက တစ်ခုဖြစ်ပြီး ENA သမိုင်းမှာလည်း Rating အမြင့်ဆုံး ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။

Google

ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ ASTORY ဟာဆိုရင်လည်း Extraordinary Attorney Woo ဇာတ်လမ်းတွဲတစ်ခုတည်းနဲ့ ရှယ်ယာဈေးနှုန်း ၅၀ ရာခိုင်နှုန်းအထိ ခုန်တက်သွားပါတယ်။

Google

Netflix ရဲ့ non-english စီးရီးတွေထဲမှာလည်း နံပါတ် ၁ နေရာကို ရရှိထားတဲ့ Extraordinary Attorney Woo ဇာတ်လမ်းတွဲကို မကြာသေးမီကလည်း အမေရိကန်က ပြန်ရိုက်ဖို့ တောင်းဆိုခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။

Google

Extraordinary Attorney Woo ဇာတ်လမ်းတွဲကို အမေရိကန် ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးဖို့အတွက် တောင်းဆိုချက်ကို လက်ရှိမှာ ပြန်လည် ဆန်းစစ်နေတုန်းပဲ ရှိသေးတယ်လို့ သိရပါတယ်။

Google

Extraordinary Attorney Woo ဇာတ်လမ်းတွဲထဲမှာ အော်တစ်ဇင် ရှေ့နေမလေးအဖြစ် သရုပ်ဆောင်ထားတဲ့ Park Eun Bin ဟာဆိုရင် ဇာတ်လမ်းတွဲကြောင့်ပဲ ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက်ရရှိထားသလို အနုပညာကြေးလည်း အစပေါင်းများစွာ မြင့်တက်ခဲ့ပါတယ်။

Google

Rating အနေနဲ့ 9.138 ရာခိုင်နှုန်းအထိ ရရှိထားတဲ့ Extraordinary Attorney Woo ဇာတ်လမ်းတွဲဟာ လက်ရှိအချိန်မှာ တောင်ကိုရီးယားနိုင်ငံရဲ့ အကောင်းဆုံး နဲ့ လူကြိုက်အများဆုံး ဇာတ်လမ်းတွဲအဖြစ်ရပ်တည်လျက်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။