ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာဆိုရင် အနယ်နယ်အရပ်ရပ်က မိဘမဲ့ကလေးတွေကို တာဝန်ယူ စောင့်ရှောက်ပေးနေတဲ့ သူဖြစ်ပါတယ်။ ခိုင်နှင်းဝေ ပရဟိတဂေဟာက ကလေးငယ်လေးတွေဟာ ငယ်စဉ်ကတည်းက မေမေ ခိုင်နှင်းဝေရဲ့ စောင့်ရှောက်ပေးမှုနဲ့အတူ ကြီးပြင်း လာကြတာကြောင့် အချင်းချင်း အရမ်းကို ရိုင်းပင်းကူညီတက်ကြပါတယ်။

Khine Hnin Wai's Facebook

ခိုင်နှင်းဝေက သူမရဲ့ ချစ်ဖို့ကောင်းလွန်းလှတဲ့ သားသားမီးမီးလေးတွေရဲ့ ပုံရိပ်လေးတွေကို အမြဲလိုလို ဝေမျှပေးလေ့ရှိပါတယ်။ မေမေခိုင်နှင်းဝေရဲ့ မိတ်ဆက်ပေးမှုကြောင့် ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေက ပရိသတ်တွေနဲ့လည်း ရင်းနှီးပြီးသားတောင် ဖြစ်နေပါပြီ။ မေမေခိုင်နှင်းဝေရဲ့ သားသားမီးမီးလေးတွေထဲမှာ ကိုအာကြီးလေးလို့ လူသိများတဲ့ ကိုခိုင်ထက်ဦးမောင်လေးကလည်း ပရိသတ်တွေရဲ့ အသည်းကျော်လေး ဖြစ်ပါတယ်။

Khine Hnin Wai's Facebook

ဒီတစ်ခေါက်မှာတော့ မေမေ ခိုင်နှင်းဝေက ကိုအာကြီးတစ်ယောက် မိန်းကလေး ပုံစံလေး ဝတ်ပြီး ချစ်ဖို့ကောင်းနေတဲ့  ဗီဒီယိုလေးကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ တစ်ဆင့် ဝေမျှပေးလာပါတယ်။

Khine Hnin Wai's Facebook

ဗီဒီယိုလေးထဲမှာ အာကြီးလေးက စပန့်ဂါဝန်ပန်းရောင်လေး ဝတ်ပြီး လည်ပင်းမှာ အနှီးလေး ပတ်ပြီး ကနေတာလေးက တော်တော်လေး ချစ်ဖို့ကောင်းလွန်းနေပါတယ်နော်။ ရိုးသားဖြူစင်လွန်းတဲ့ မေမေ ခိုင်နှင်းဝေရဲ့ သားသားမီးမီးလေးတွေရဲ့ ဗီဒီယိုလေးကို ချစ်ရတဲ့ ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။